မလေးရှားနိုင်ငံတွင်
ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၃ မာဒေးကားဖလား ပြိုင်ပွဲ၌ မြန်မာယူ ၂၃
အသင်းသည် အိမ်ရှင် မလေးရှား ယူ ၂၃ အသင်းနှင့် ယနေ့ ည ၇း၁၅ နာရီက
ယှဉ်ပြိုင်ကစားခဲ့ရာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ပွဲချိန် ၃၈ မိနစ်၌ နေလင်းထွန်း၏ ခေါင်းတိုက်
သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မလေးရှားအသင်းအတွက် ချေပဂိုးကို
ပွဲချိန် ၆၄ မိနစ်တွင် အီရာဖန်ဖိုင်ဇယ် နှင့် အနိုင်ဂိုးကို ပွဲချိန် ၇၉
မိနစ်တွင် ၀မ်ဇက် တို့က ပြန်လည် သွင်းယူခဲ့သည်။
မြန်မာ အသင်းသည် ၂
ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ၁ မှတ် ရရှိထားကာ နောက်ဆုံးပွဲစဉ်အဖြစ်
စက်တင်ဘာလ ၁၁ ရက်တွင် စင်ကာပူ ယူ ၂၃ အသင်းနှင့် ဆက်လက်
ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment