လုပ်ငန်းရှင်များအတွက် ချေးငွေအတိုးနှုန်း ကိစ္စနှင့် ဘဏ်ငွေလွှဲနှုန်း မြင့်မားနေသည့် ကိစ္စများကို လွှတ်တော်တွင် ဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မွေးမြူရေး၊ ရေလုပ်ငန်းရှင်များနှင့် စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''နိုင်ငံသားတွေဘက်က စိုးရိမ်မှုရှိတယ်။ နိုင်ငံခြား လုပ်ငန်းတွေကျတော့ ငွေကြေးအပြင် နည်းပညာတွေလည်း ပါလာမယ်။ မြန်မာနိုင်ငံသားကျတော့ ငွေကြေးလည်း ချို့တဲ့တယ်။ အရင်းအနှီးလည်း မရှိဘူး။ သူတို့နဲ့ ယှဉ်လုပ်ဖို့ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံသားတွေက တဖြည်းဖြည်းနဲ့ ဆုံးရှုံး ကျဆုံးသွားနိုင်တယ်။ ဒါကြောင့် ဒီနေရာမှာ ဗဟိုဘဏ် အပါအ၀င် မြန်မာဘဏ်တွေကနေ ကိုယ့်နိုင်ငံသားတွေကို ငွေမချေးပေးနိုင်ဘူး။ ငွေချေးပေးတဲ့ အခါမှာ နိုင်ငံခြားဘဏ်တွေနဲ့ ယှဉ်ရင် ဘဏ်တိုးနှုန်း များနေတယ်'' ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် လွှတ်တော် အစည်းအဝေးတွင် ဘဏ်တိုးနှုန်းများ လျော့ချရေး ကိစ္စနှင့် ဘဏ်ငွေလွှဲနှုန်းများ လျော့ချရေး ကိစ္စများကို လွှတ်တော်တွင် သုံးသပ်ဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် ''အဓိကက အားလုံးပြောသွားတဲ့ အထဲမှာ Interest Rate အတိုးနှုန်း အရမ်းမြင့်နေတာ ပါပါတယ်။ ငွေရေးကြေးရေး Demand နဲ့ Supply မမျှတာ ပါပါတယ်။ ပထမဆုံးတစ်ခု အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ Weakness တွေ ပါပါတယ်။ နံပါတ် ၂ အချက် က ကျွန်တော်တို့ဟာ မပြည့်စုံသေးတဲ့ ဈေးကွက်တွေကြောင့်လည်း ပါပါတယ်။ နံပါတ် ၃ အချက်က ကျွန်တော်တို့က လုပ်တော့ လုပ်နေတယ်။ လုပ်ဖို့ အချိန်ယူရမယ့် အပိုင်းတွေ ပါနေပါတယ်။ ကျွန်တော်တို့ရဲ Weakness က ၂၀၁၃ Banking Crisis တွေ ဖြစ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ Over Regulation တွေ လုပ်ခဲ့ပါတယ်။ တချို့ Regulation တွေကလည်း အခုထက်ထိ မပြင်ရသေးတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒါတွေက အစကပြန်ပြီး Review လုပ်ရမယ့်အပိုင်း ဖြစ်ပါတယ်။ နောက်တစ်ခု Interest Rate မြင့်နေတာက မြင့်လို့မရပါဘူး။ Interest Rate ကို လျှော့ချရပါမယ်။ လျှော့ချတဲ့အချိန်မှာ ဒီနေ့ ၁၃ Percent Lending Rate ကို မနက်ဖြန် ၄ Percent လျှော့ချလိုက်လို့ မရပါဘူး။ နိုင်ငံတကာမှာ ဒီလို Interest Rate ကို လျှော့ချနိုင်မယ့် Sequence တွေရှိပါတယ်။ အဲဒီ Sequence ကို ကျွန်တော်တို့ ကျော်လို့မရပါဘူး။ ပထမ စစချင်း ၁၃ Percent ကနေ ၄ Percent ကို ဒိုင်းခနဲ လျှော့လိုက်တာနဲ့ ဘဏ်မှာရှိတဲ့ Deposit တွေ အကုန်ဆွဲထုတ် သွားလိမ့်မယ်။ ပြဿနာတွေဖြစ်မယ်'' ဟု ပြောကြားသည်။
လုပ်ငန်းရှင်များအား သင့်တင့်သော အတိုးနှုန်းဖြင့် ငွေချေးနိုင်ရန် နိုင်ငံတကာမှ Soft Loan များ ချေးယူရမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယကနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များကို တွေ့ရစဉ်
Eleven Media Group

No comments:
Post a Comment