Thursday, December 26, 2013

အူရီးဒူးက ပြည်တွင်းတွင် 3G နက်ခ်ဝပ်ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည် စ,ချိုကို|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

ပြည်တွင်းတွင် ဆက်သွယ်ရေးအော် ပရေတာအဖြစ် ရွေးချယ်ခံထားရသော အူရီးဒူး (Ooredoo) က မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း 3G နက်ခ်ဝပ်ကို အပြီးတည်ဆောက်သွားမည်ဟု ယင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုလိုက်သည်။

3G နက်ခ်ဝပ် တည်ဆောက်ရေးအတွက် အူရီးဒူးအနေဖြင့် Nokia Solution and Network (NSN) ကုမ္ပဏီကို ရွေးချယ်ထားပြီး ပြည်တွင်းတွင် နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Rock Cormack က “မြန်မာနိုင်ငံမှာရှိတဲ့ အူရီးဒူးရဲ့ ဆက်သွယ်ရေး ကွန်ရက်သုံးစွဲသူတွေကို ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဖြန့်ဝေပေးနိုင် ဖို့ ကျွန်တော်တို့ အလေးအနက် စတင်ဆောင်ရွက်နေပါပြီ။ အခုတည်ဆောက်မယ့် 3G နက်ခ်ဝပ် ၀န်ဆောင်မှုတွေအတွက် NSN အနေနဲ့ ထောက်ပံ့ကူညီပေးနိုင်တဲ့စွမ်းအားတွေရှိတယ်လို့ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

NSN သည် သဘောတူညီချက်ရယူထားသော နှစ်နှစ်အတွင်း 3G နက်ခ်ဝပ်ကို အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး ယင်းနက်ခ်ဝပ်ကို လိုင်းအား 900 MHz နှင့် 2100 MHz ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။

NSN နှင့် Ooredoo ၏ သဘောတူညီချက်များတွင် နက်ခ်ဝပ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အကျိုးရှိရှိအသုံးချရေး၊ နည်းစနစ်အချက်အလက်စုဆောင်းခြင်းများ ပါဝင်ပြီး Hardware၊ Software နှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၀န်ဆောင်မှုများအပါအ၀င် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ဆောင်မှုများ လည်းပါသည်။

No comments:

Post a Comment