Monday, December 30, 2013

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွား Monday, December 30, 2013 Burmese Treasure

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ် ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက်ဘက် ဝေဠုဝန်ဘုန်းတော်ကြီး ကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွားလမ်းခွဲအနီးတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ပြီး အဝတ်ဖြင့်ပတ်ထားသော အထုပ်တစ်ထုပ်ကို ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးကတွေ့ရှိခဲ့ပြီး ကိုရင်တစ်ပါးက ကောက်ယူသဖြင့် အဖော် ပါလာသူ ကိုရင်က မယူဘဲပြန်ချရန် ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကိုရင်ရှင်နေဝိန္ဒသည် ဦးခေါင်းမိုင်းစထိမှန်၍ ဦးခေါင်းခွံကွဲ၊ ဦးနှောက်ထွက်၊ ညာလက်ဖျံ၊ ညာရင်အုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင်ပျံလွန်တော်မူခဲ့ပြီး ကိုရင်ရှင်စိဏ္ဏာ သည် ညာတံတောင်ဆစ်၊ ညာဘက် လက်ကောက်ဝတ်၊ ဘယ်ရင်အုံ မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသောကိုရင် ရှင်စိဏ္ဏာသည် မုံးစီးတိုက်နယ်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသလျက် ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရသည့် အခြေအနေအသေး စိတ်ကို စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment