Thursday, December 26, 2013

သင်္ဃန်းကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှုအစီရင်ခံစာ ဇန်န၀ါရီပထမပတ်တွင် လွှတ်တော်ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီသို့ တင်မည် Tuesday, December 24, 2013

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှု အစီရင်ခံစာကို ဇန်န၀ါရီပထမပတ်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ အား သုံးစွဲရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးကော်မတီဝင်များမှ မြို့နယ်တွင် ကွင်းဆင်းလေ့လာမှု လေးကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်က ကွင်းဆင်းလေ့လာမှုအပြီး မီဒီယာများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်က ချပေးတဲ့နေရာမှာ ပိုတဲ့ငွေတွေကိုလည်း တကယ်ချို့တဲ့တဲ့နေရာတွေ ရပ်ကွက်တွေကို ပိုမိုချထားပေးသွားမယ်။ နောက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှုအစီရင်ခံစာကို ဇန်န၀ါရီ ပထမပတ်အတွင်းမှာ လွှတ်တော်ကို အစီရင်ခံတင်ပြသွားဖို့ရှိတယ် . . .

ဦးသိန်းညွန့်က "ကျွန်တော်တို့ အခုသင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ရပ်ကွက် ၃၀ ကို ကွင်းဆင်းလေ့လာပြီးပါပြီ။ အခုကွင်းဆင်းတဲ့ရပ်ကွက်က နောက်ဆုံးပါ။ ကျွန်တော်တို့မြို့နယ်အတွင်းမှာဆို အခုဒေသဖွံ့ဖြိုးရေးအတွက် သိန်း ၇၀၀ ကျော်လောက် လျာထားပါတယ်။ လွှတ်တော်က ချပေးတဲ့နေရာမှာ ပိုတဲ့ငွေတွေကိုလည်း တကယ်ချို့တဲ့တဲ့နေရာတွေ ရပ်ကွက်တွေကို ပိုမိုချထားပေးသွားမယ်။ နောက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှုအစီရင်ခံစာကို ဇန်န၀ါရီ ပထမပတ်အတွင်းမှာ လွှတ်တော်ကို အစီရင်ခံတင်ပြသွားဖို့ရှိတယ် " ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မှ တစ်မြို့နယ်လျှင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ အား မြို့နယ်တွင်း သောက်သုံးရေရရှိရေး ဆောင်ရွက်ရန်၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်နှင့် လမ်းတံတားများပြင်ဆင်ရန်အတွက် မြို့နယ် ၃၃၀ ကျော်အား ချထားပေးခဲ့ပြီး အဆိုပါရန်ပုံငွေများ စိစစ်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ရန်ပုံငွေစိစစ်ရေးကော်မတီအား ဖွဲ့စည်းကာ မြို့နယ်အလိုက် ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှုများအား စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်အပါအ၀င် အချို့သောမြို့နယ်များအနေဖြင့် အဆိုပါဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ မှာ လုံလောက်မှုမရှိသဖြင့် ၂၀၁၄ ခုနှစ်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေ တိုးမြှင့်ချထားပေးရန် အဆိုတင်သွင်းသွားမည်ဖြစ်ပြီး ယခုနှစ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း လမ်းတံတားပြင်ဆင်ရေးနှင့် ရေရရှိရေးတို့တွင် အဓိကထားသုံးစွဲသွားမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment