Thursday, December 12, 2013

အေ၇ပြားေ၇ာဂါ ခံစားနေ၇သော ခလေးငယ်အတွက် အလှူ ငွေများလိုအပ်နေပါတယ်


အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်/// 1000 တတ်နိုင်လည်း ၁၀၀၀၀.....၅၀၀၀တတ်နိုင်လည်း ၅၀၀၀ လှူပေးကြပါ

အရေပြားရောဂါ ခံစားနေရသော ကလေးငယ်အတွက် အလှူငွေလိုအပ်နေ။ Updated 30 minutes ago ခရမ်းမြို့၊အမှတ်(၁)ရပ်ကွက်ရှိ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပြင်းထန်သော အရေပြားရောဂါ တစ်မျိုး ခံစားနေရပြီး လက်ရှိအခြေနေကြောင့် ပညာသင်မှုရပ်နားထားရသည်။

ရောဂါခံစားနေရသည်မှာ ၁ နှစ်ကျော်ပြီး မိဘများသည် ခရမ်းမြို့ဆေးခန်း၊ဆေးရုံများတွင် ကုသပေးခဲ့သည်အပြင် ရန်ကုန်သို့ပါ သွားရောက်ကုသခဲ့ပြီးဖြစ်သည်။

အချိန်၁နှစ်ကျော်ကာလအတွင်း ဆေးကုသစားရိတ် ၁၀ သိန်းကျော် ကုန်ကျခဲ့သည့်အပြင် လက်ရှိနေထိုင်သည့်အိမ်မှာလည်း
ရောင်းထားရပြီဖြစ်သည်။

အိမ်ဝယ်သူမိသားစုမှ အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက်နေထိုင်ခွင့်ပြုထားသဖြင့် နေထိုင်ရန် အဆင်ပြေနေသော်လည်း ငွေကြေးမတက်နိုင်သဖြင့် ဆေးဆက်မကုနိုင်ပါ။

ရပ်ကျေး ပါတီဝင်တစ်ဦး၏ အကြောင်းကြားမှုကြောင့် ခရမ်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါက်တာအေးမင်း နှင့် ကျန်းမာရေးကွန်ယက် အဖွဲ့ဝင်များသွားရောက်သတင်းမေး
ခဲ့ရာတွင် ဒေါက်တာအေးမင်းမှ ကျန်းမာရေးစားရိတ် အလှူငွေ (၁၀၀၀၀) ပေးအပ်လှူဒါန်းခဲ့ပြီး၊ကလေးငယ်ကို ကုသပေးလျှက်ရှိသည်။

သို့ရာတွင် ပိုမိုထိရောက်သော ဆေးခန်း၊ဆေးရုံများသို့ ပိုဆောင်ကုသပေးနိုင်ရန် အလှူငွေများလိုအပ်လျက်ရှိသည်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန်

ဒေါက်တာအေးမင်း - ၀၅၆ ၃၀ ၇၁၆
ကိုညီလင်းထက် - ၀၉ ၄၅၀၀ ၄၄ ၉၉၆

စေတနာရှင်၊အလှူရှင်များ မြင်တွေ့နိုင်ရန် Share လုပ်ခြင်းအားဖြင့် အကူအညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

credit to... NLD khayan

Posted From May Thin Gyan

No comments:

Post a Comment