Thursday, December 12, 2013

အတတ်ဆန်းလာတဲ့ တရုတ်နို့မှုန့်တွေ

မြင်တွေ့ဘူးသမျှမုန့်များထဲတွင်ကလေးများအပေါ် အယုတ်မာအပက်စက်ဆုံးသောတရုတ်မုန့် ========================= -ကျောင်းဈေးဆိုင်များနဲ့မြို့ထဲရှိမုန့်ဆိုင်များမှာတင် ပြီးကလေးများကိုရောင်းချနေကြတာပါ။ -တထုပ်ကို၁၀၀ ကျပ်နဲ့သာရောင်းချပါတယ်။ -တရုတ်မုန့်ပီပီထုံးစံအတိုင်းဖတ်မရတဲ့စာများနဲ့ ရေးသား ထားတာပါ။ -မုန့်တံဆိပ်လိုဂိုကတော့ကလေးများကိုလူမျိုးတုန်းသေ ကြေစေမယ့်သင်္ကေတလို့ယူဆရတဲ့၊မုန့် ထုပ်နဲ့လားလား မှသက်ဆိုင်မှုမရှိတဲ့ကြောက်မက်ဖွယ်ရာအမူအရာနဲ့ အရိုးခေါင်းတံဆိပ်ရိုက်နှိပ်ထားပါတယ်။ -အထဲမှာတော့တရုတ်နို့မှုန့်လို့ယူဆရတဲ့ဖြူဖြူအမှုန့် တွေကိုဘိန်းဖြူပုံသဏ္ဃာန်ပြုလုပ်ထားပါတယ်။ -အဆိုးဆုံးကတော့ဒီမုန့်ကိုကလေးေ တွစားစေတဲ့နည်း လမ်းပါ။မုန့်ထုပ်ဝယ်ယူတဲ့ကလေးကိုဆိုင်ရှင်ကစီးက ရက် ပုံစံစက္ကူချောင်းတချောင်းပေးပါတယ်။ ကလေးကအဲဒီစက္ကူချောင်းထဲကိုဖြူဖြူအမှုန့်တွေ သိပ်ထဲ့ပြီးဆေးလိပ်သောက်တဲ့ပုံစံနဲ့မုန့်ကိုစုတ်ပြီး စားစေတာပါ။ -ကဲနုနယ်ငယ်ရွယ်ပြီးဘာမှမသိနားမလည်သေးတဲ့ ကျွန်တော်တို့ရဲ့ကလေးတွေကိုလူမျိုးတုန်းအောင်အဆိပ် ကျွေးရုံနဲ့အားမရပဲငယ်ငယ်ရွယ်ရွ ယ်နဲ့ဆေးလိပ်သောက် တတ်အောင်လက်တွေ့သင်ပေးနေတာမဟုတ် ဘူးလး ဗျာ။ ဒါအလကားသင်ပေးနေတာမဟုတ်ဘူးနော်။ကျွန် တော်တို့ကလေးတွေဆီကပိုက်ဆံယူပြီးမှလုပ်တာ။ ဒီထက်ပက်စက်တဲ့အကြံအစည်ရှိသေးလို့လား။ သူတို့နိုင်ငံမှာတော့ဒီလိုလုပ်ရပ်မျိုးကိုသေဒဏ် ပေးတယ်။ကျွန်တော်တို့နိုင်ငံမှာကော.......ဘယ်သူ့ ကို ဘာဒဏ်တွေပေးကြမလဲ????? ဝိသမထား၊လောဘသားတို့၊ လုပ်ချင်တိုင်းလုပ်၊ဤဇာတ်ရှုတ်ကို၊ နေ့ခြင်းညခြင်း၊မဖြေရှင်းက၊ ကလေးများအားလုံး၊ကင်ဆာဖုံးလို့၊ လူမျိုးတုန်းမှာ၊အသေချာတည့်၊ သတိတရား၊လက်ကိုင်ထား၍၊ ညီညာဖြဖြ၊တွန်းလှန်ကြ။ ဒေါက်တာကျော်ဆွေ

Credit to-မုန့်တိုက်ပွဲ

No comments:

Post a Comment