Monday, December 30, 2013

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် ပထမဆုံး ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ယခင်အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ဆွေးနွေးမည် ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၁၃ ခုနှစ်

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် ပထမဆုံး ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ သီးသန့်အစည်းအဝေး၌ ယခင်(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ပထမဆုံးကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်၊ နန်းမြင့်ဆောင်တွင် လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအတွက် လွန်ခဲ့တဲ့ သုံး၊ လေးလကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့မှာလည်း ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အစည်းအဝေးပွဲကို ကျင်းပဖို့ရှိပါတယ်။ အဓိကကတော့ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲက ဆွေးနွေးချက်တွေကို ဆက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို ဆွေးနွေးမှာပါ။ ကျွန်တော်တို့အနေနဲ့ လျာထားချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံတွေက သဘောတူမှ ရမှာပါ။ အဲဒီလျာထားချက်တွေကိုလည်း ထုတ်ပြန်ပြီးသားပါ” ဟု ၎င်းကဆိုသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအတွက် လွန်ခဲ့တဲ့ သုံး၊ လေးလကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့မှာလည်း ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အစည်းအဝေးပွဲကို ကျင်းပဖို့ရှိပါတယ်။ အဓိကကတော့ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲက ဆွေးနွေးချက်တွေကို ဆက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာ . . . . .

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝမ်မြို့၌ ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူခဲ့သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဘက် နိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများ စသည်ဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး အာဆီယံဒေသဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ၀န်ကြီးအဆင့် အစည်းအဝေးများကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ကျင်းပသွားရန်ရှိကြောင်း၊ ဒေသဆိုင်ရာ ကိစ္စရပ်များကို သံတမန် နည်းလမ်းအရ ကာကွယ်စောင့်ရှောက်ရာတွင် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်မည်ကို ဆွေးနွေးသည့် အစည်းအဝေးဖြစ်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မည့် အစည်းအဝေးဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများကြား ပဋိပက္ခများ ဖြေရှင်းရာတွင် အင်အားမသုံးဘဲ သံတမန်နည်းအရ ဖြေရှင်းရန်အတွက် ပြုလုပ်သည့် အစည်းအဝေးပွဲဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment