ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။ မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။
ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။
ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး မီးလောင်သွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။
မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။
သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146





![Photo: ဝန်ကြီးဌာနများ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊
လက်ခံခြင်းများ အစား ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်
=============================================
နေပြည်တော် မေ ၃၀
နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်း ခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံးကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လည်း လျော့ကျစေသည့် အတွက်
ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေးဝန်ကြီးဌာနမှအပ
ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲ ပြောင်းခြင်းများ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံ ရန်
နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။
----------------------------------------------------------------------------------------------
[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/05/31/id-3567]](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/p480x480/166061_441538199276607_76465291_n.jpg)

























