Wednesday, May 29, 2013

မြောက်ဥက္ကလာရှိ ကြိုးတံတား ပျက်ကျမှုကြောင့် ယာယီပိတ်ထား ရန်ကုန် မေ ၂၉

ယနေ့ နံနက် ၉နာရီခွဲ အချိန်က မြောက်ဥက္ကလာပ မြို့နယ်နှင့် မြောက် ဒဂုံမြို့နယ် တို့အား ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းဖြတ် လူကူးကြိုးတံတား အား ချောင်းအတွင်းသွား သဲစုပ် စက်လှေ တစ်စီးက ၀င်ရောက်တိုက်မိမှုကြောင့် ကြိုးတံတား ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
" ကြိုးတံတား ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးတာတော့ မရှိပါဘူး တံတားက စက်လှေနဲ့ ၀င်တိုက်ခံရတဲ့အတွက် ဆိုင်းကြိုး ၁၃ ကြိုး ပျက်သွားပြီး တစ်ဖက်စောင်း ပျက်သွားတဲ့အတွက် ဒီတံတားကို အသုံးပြုနေသူတွေ အန္တရာယ်ရှိမှာစိုးလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ နဲ့ စည်ပင် ညှိနှိုင်းတိုင်ပင်ပြီး လောလောဆယ် တံတားကို ယာယီပိတ်ထားလိုက်တယ် " ဟု ၄င်းကပြောသည်။

PN - 020

  Credit & Copy From >Popular Myanmar News Journal<

No comments:

Post a Comment