Friday, May 31, 2013

"အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်-Mr.O.Ibobi Singh မုံရွာမြို့ ရောက်ရှိစဉ် ခေတ္တတည်းခိုခဲ့သော ၀င်းယူနတီ ဟိုတယ် မြောက် ဘက် ကိုက်(၃၀၀)အကွာတွင် တရုတ်နိုင်ငံထုတ် ဗုံးသီးနှင့်ကျည်ဆံများ တွေ့ရှိ"


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ မေလ(၂၇)ညနေပိုင်းက ရောက်ရှိ လာသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်-Mr.O.Ibobi Singh
ခေတ္တတည်းခိုခဲ့သော ၀င်းယူနတီဟိုတယ်၏ မြောက်ဘက်ရှိ ကန်ထဲတွင် တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး(၂)လုံးနှင့် ကျည်ဆံများ နှင့် Nokia လက်ကိုင် ဖုန်း(၁)လုံး ဆင်းကဒ်ပါ တို့ကို ယနေ့(30-5-2013)ကြာသာပတေးနေ့ နံနက် (၇)နာရီခန့် အဆိုပါ ရေကန်အတွင်းသို့ ကန်စွန်းရွက် ဆင်းခူးသူတစ်ဦးမှ
တွေ့ရှိ၍ သက်ဆိုင်ရာသို့ ခေါ်ယူအပ်နှံခဲ့ကြောင်းသိရပါသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်-Mr.O.Ibobi Singh သည် မေလ (၂၈)ရက်နေ့က မုံရွာမြို့ မြစန္ဒာခန်မတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်သူ ဦးသာအေး နှင့်တွေ့ဆုံပြီး နှစ်ပြည်နယ် ကုန်သွယ်ရေးကိစ္စများ နယ်စပ်ရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး Mr.O.Ibobi Singh က သတ္တုတူး ဖော်ရေးလုပ်ငန်းများဖြစ်သည့် လက်ပန်းတောင် နှင့် ကြေးစင်
တောင်သတ္တုတူးဖော်ရေးလုပ်များ နှင့် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်း များကို လည်းအထူးစိတ်ဝင်းစားကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါသည်။
Mr.O.Ibobi Singh မုံရွာမြို့သို့ရောက်ရှိနေစဉ်အခိုက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ရဲသတင်းတပ်ဖွဲ့(SB)မှ အထူးလုံခြုံရေးတာဝန်ယူ
ပေးထားခဲ့ကြောင်း အဆိုပါ နှစ်ပြည်နယ်ဝန်ကြီးချုပ်တို့ကုန်သွယ်ရေးဆွေး
နွေးပွဲသို့ တက်ရောက်သတင်းရယူခဲ့ကြသော သတင်းမီသမားများကို သူပုန် ဖောက်ခွဲရေးသမားများကို စစ်ဆေးသလိုပုံစံမျိုးနဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သတင်းဝင်ယူခွင့်ပြုပြီး ယခုကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများရှိ နေ သည့် နေရာကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အထူးရဲသတင်းတပ်ဖွဲ့(SB) အနေဖြင့် သတင်းမရခြင်းမှာ အထူးစိတ်စားဖွယ်ကောင်းလှပါတယ်လို့ မုံရွာအခြေစိုက် သတင်းမီဒီယာသမားများကဆိုပါတယ်။

No comments:

Post a Comment