Wednesday, May 29, 2013

မန္တလေးတွင် သာသနာညှိုးနွမ်းအောင်ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ မန္တလေး၊ မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်းအနီးတစ်ဝိုက်၌ မေ၂၉ရက်
ညနေ၅နာရီအချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ်
အမှတ်စဉ်ကဒ်ပြားတစ်ခုကိုအသုံးပြု၍သာသနာညှိုး နွမ်းအောင်
ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံအရှေ့ရပ်ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

“သူကဘာသာရေးဝတ်စုံတွေလည်းဝတ်လာတယ်၊နောက်ပြီး
ကျမ်းစာအုပ်တွေလည်းပါလာတယ်။အဲ့နား (လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီးမသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်းမပြနိုင်ဘူး၊တခြားသူတွေဒုက္ခမရောက်အောင်
တာဝန်ရှိသူတွေကပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီး၊ ချမ်းမြသာယာကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း၊ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်းအမှတ်၉မှ မေလ၂၉ရက် နေ့ညနေ၆နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ပြစ်မှုပုဒ်မ၂၉၅(က)နှင့်အရေးယူထာပြီး မေလ၃ဝရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

ZinYawNews

No comments:

Post a Comment