Wednesday, May 29, 2013

တနင်္သာရီ…….လာပြီ


ထားဝယ်အခြေစိုက် “တနင်္သာရီ အပတ်စဉ်ထုတ်သတင်းစာ”(THE TANINTHARYI WEEKLY) ကိုလာမည့် ဇွန်လ(၁၀)ရက်
နေ့မှစတင်ကာ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေတော့မည်ဖြစ်သည်။အဆိုပါ တနင်္သာရီအပတ်စဉ်သတင်းစာကိုDawei Watch Publishing House မှ တည်းဖြတ်ထုတ်ဝေခြင်းဖြစ်သည်။ထားဝယ်ဒေသသည် မြန်မာနိုင်ငံသတင်းစာထုတ်ဝေ
မှုသမိုင်းတွင်ဒုတိယမြောက်သတင်းစာဖြစ်သည့်သတင်းစာတစ်စောင်ကို၁၈၄၂ ခုနှစ်တွင် စကောကရင်ဘာသာဖြင့်ထုတ်ဝေခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်တွင် မြန်မာနိုင်ငံတစ်ဝန်း သတင်းစာထုတ်ဝေမှုရပ်တန့်နေချိန်၌ ထားဝယ်နေ့စဉ်
သတင်းစာကိုတစ်စောင်တည်းသော သတင်းစာအဖြစ်ထုတ်ဝေနိုင်ခဲ့သည်။ယခုအခါ တနင်္သာရီအပတ်စဉ်ထုတ်သတင်းစာသည် မျိုးဆက်သစ်ထားဝယ်သတင်းသမားလူငယ်များ၏ စုပေါင်းကြိုးပမ်းမှုဖြင့်ပေါ်ထွက်လာခြင်းဖြစ်ပြီး နမူနာစမ်းသပ်ထုတ်ဝေခြင်းကို
မကြာမီရက်ပိုင်းအတွင်း စတင်ဖြန့်ချိနိုင်မည်ဖြစ်သည်။ယင်းအပတ်စဉ်ထုတ် သတင်းစာတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသမှအဖြစ်အပျက်များ၊သတင်းများနှင့်သုံးသပ်ချက်များကိုဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။သတင်းဆောင်းပါးစာမူပေးပို့လိုသူများ အနေဖြင့် tanintharyiweekly@gmail.comသို့ပေးပို့နိုင်ပြီဖြစ်ကြောင်းသိရသည်။စာမူကိစ္စ၊ဖြန့်ချိရေးနှင့်ကြော်ငြာကိစ္စများဆောင်ရွက်လိုပါက အမှတ်(၁၅၄)၊အောင်သုခလမ်း၊ရှမ္မလည်ဆွဲရပ်၊ထားဝယ်မြို့သို့ ဆက်သွယ်နိုင်ပြီဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

No comments:

Post a Comment