Wednesday, May 29, 2013

သတင်းဋ္ဌာနက အသုံးမကျတာနဲ့  ရခိုင်ပြည်နယ်မှာ-NLD- မဲမပေးရေး

တကယ်တော့ ကျွန်တော်စိတ်ပျက်နေတဲ့ အထဲမှာ မြန်မာပိုင်းဆိုင်ရာ လွှင့်ထုတ်နေတဲ့  နိုင်ငံခြားက သတင်းဋ္ဌါနတွေဘဲဖြစ်တယ် ။ သူတို့ တွေ လွှင့်ထုတ်နေတာဟာ မီဒီယာကျင့်ဝတ်နဲ့  ညီနေတာ တစက်မှု မရှိဘူးဆိုတာ ထင်ရှားနေတယ် ။ ရေဒီိယိုသတင်းတပုဒ်ကို လွှင့်ထုတ်မယ်ဆိုရင် သတင်းအတည်ပြုချက် ယူမှသာ သတင်းတိကျတယ် - ခိုင်မာတယ် - မှန်ကန်တယ်- ဆိုတာပြောလို့ ရတယ် ။ ခုတော့ မီဒီယာကျင့်ဝတ်ဆိုတာကို လုံးဝဆန့် ကျင်ဖီလာပြီး ရေးထုတ် လွှင့်ချင်သလို လွှင့်နေတယ်။ ဒီတော့ မဖြစ်သင့်တဲ့  သွေးထိုးလှုံ့ ဆော်မှုတွေဟာ ၀ါဒဖြန့် ချီမှုကြောင့် ဖြစ်ပေါ်လာရတာများတယ် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ညီလာခံကျင်းပတာကို သိရတယ် ။ အဲဒီညီလာခံကအပြန်မှာ -RFA- သတင်းဋ္ဌါနက ထုတ်လွှင့်တဲ့  သတင်းအရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်အတွင်းမှာ နေထိုင်တဲ့  ရိုဟင်ဂျာမိသားစုတွေကို မိသားစုတစုလျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတာကို ညီလာခံကအပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ခွဲခြားဆက်ခံတာဖြစ်တယ်လို့  ပြောသွားကြောင်း မြင်ကြားရတယ် ။
ကောင်းပါပြီ ။ RFA- သတင်းထောက်က ပြောသလို ရိုဟင်ဂျာမိသားစုလို့  သတင်းမေးတဲ့  အဲဒီသတင်းထောက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးသာ ရှိတယ်ဆိုတာ မသိဘဲ နေတာလား ။ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ အစိုးရက အသိအမှတ် မပြုတဲ့  လူမျိုးကို တိုင်းရင်းသားလူမျိုး အဖြစ် သတ်မှတ်ချင်လို့  အခုလို ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ တာလား ဆိုတာ မေးခွန်းထုတ်ရပါတော့မယ် ။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနဲ့  ပြည်သူ့ ဆက်ဆံရေးအင်အားဦးစီးဋ္ဌါနကို မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုး ဘယ်နှစ်မျိုး ရှိသလဲဆိုတာကို အဲဒီသတင်းထောက်က သတင်းအတည်ပြုချက် ယူဖို့  သင့်တယ် ။ ပြန်ကြားရေးဝန်ကြီးကသော်လဲ ယူဖို့ သင့်တယ် ။ ပြောရေးဆိုခွင့် ရှိတဲ့  တာဝန်ရှိသူများဆီကလဲ သတင်းအတည်ပြုချုက်ကို ယူသင့်တယ် ။ ခုတော့ ဘာမှ သတင်းအတည်ပြုချက် မယူခဲ့ ဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး အပြင် နောက်ထပ် လူမျိုး တမျိုးကို တိုးလို့  ကြေညာတာဟာ -RFA-VOA- တို့  ကို စဉ်းစားကြည့်ရင် လက်မခံနိုင်စရာဖြစ်တယ် ။
ဒီတော့ကာ မီဒီယာဥပဒေကို ရေးဆွဲအတည်ပြု နေတဲ့  မီဒီယာသမားတွေ သတင်းစာဆရာတွေ စာရေးဆရာတွေကအစ အခုလို ဖြစ်နေတဲ့  ပြသနာကို ကန့် ကွက်ရမှာဖြစ်တယ်လို့  မြင်တယ် ။ မီဒီယာဆိုတာ လွပ်လွပ်စွာရေးခွင့် တခုတည်းကိုဘဲ မီဒီယာအခွင့်အရေးကို ကြည့်ပြောနေရတာမဟုတ်ဘဲ အခုလို နိုင်ငံတနိုင်ငံရဲ့  အမျိုးသားလုံခြုံမှုတွေ- အမျိုးသားယဉ်ကျေးမှု ထိပါးပျက်စီးမဲ့  အရာတွေ- အမျိုးသားအကျိုးစီးပွါးကို ထိခိုက်ပျက်စီးဆုံးရှုံးစေမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့  ဥပဒေနဲ့ အညီ ပြဋ္ဌန်းတားဆီးပေးရတာတွေ ရှိတယ် ။ နိုင်ငံတော်ကို အယုံအကြည် ပျက်စေတာတွေ -ပဋိပက္ခဖြစ်စေတာတွေကို တားဆီးကာကွယ်ပေးရတာတွေ- မီဒီယာကျင့်ဝတ်အရ သတင်းအတည်ပြုချက် ယူရတာတွေကို တည့်မတ်စွာ ပြုလုပ်ရတယ် ။
ခုတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီဥပဒေမျိုးက မရှိတော့ ရေးချင်ရာရေး ဖြစ်ချင်ရာဖြစ်နေတော့ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိရာကနေပြီး ခုတော့ -၁၃၆-မျိုးဖြစ်အောင် ပြောဆိုရေးသားနေတာဟာ အစိုးရရဲ့  မီဒီယာဥပဒေထိမ်းချုပ်မှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ် ။ ဒီပြသနာကို အစိုးရက ငြိမ်နေလို့  မဖြစ်ဘူးဆိုတာ ပြောချင်တယ် ။ သမ္မတဦးသိန်းစိန်ကတောင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  ကြေညာထားတာကို ဘာကြောင့်များ အစိုးရဥပဒေအရ ဘာ့ကြောင့် ထိမ်းချုပ် မတားဆီးနေရမှာလဲ ။ ဒါဟာ ကျွန်တော်မေးချင်တဲ့  မေးခွန်းဘဲဖြစ်တယ် ။
ဒုတိယအချက်အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥက္ကဋ္ဌဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တဦးရဲ့  မေးခွန်းကို မေးမြန်းရာမှာ သတင်းထောက်ပြောတဲ့ အတိုင်း ရိုဟင်ဂျာမိသားစု ဆိုတဲ့  စကားကို ကြားလို့  ဒီလူမျိုးကို လက်ခံပြီး ပြန်လည် ဖြေကြားခဲ့ လေသလားဆိုတာ စဉ်းစားစရာဖြစ်တယ် ။ သတင်းထောက်က မေးတဲ့ အတိုင်းသာ ဖြေကြားခဲ့ တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လက်မခံ ကန့် ကွက်ကြောင်း ပြောပါရစေ ။ တကယ်လို့  သတင်းထောက်မေးရာမှာ အဲဒီလို လူမျိုးကို ထုတ်ဖေါ်ပြောဆိုပြီး မေးမြန်းခဲ့ တာမဟုတ်ဘဲ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ မိသားစု တစုလျှင် ခလေး နှစ်ယောက်သာ ယူရမယ်ဆိုတာကို လက်မခံဘူး-ဒါဟာ ခွဲခြားဆက်ဆံတာဖြစ်တယ် -လူ့ အခွင့်အရေးနဲ့ လဲ မကိုက်ညီဘူးလို့ သာ ဖြေကြားခဲ့ တယ်ဆိုရင် ကျွန်တော်တို့  ဘာမှ ကန့် ကွက်ပြောဆိုစရာ အကြောင်းမရှိဘူး ။
ကောင်းပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အခုလို သတင်းထောက်တဦးက မေးမြန်းတာကို ချက်ချင်းသဘောမပေါက်ဘဲ တုန့် ပြန်ဖြေကြားလိမ့်မယ်လို့  ယုံကြည်ရမှာ ခက်ခဲလှတယ် ။ ဒီတော့ မိသားစုတစုလျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတဲ့  ဒေသန္တရအမိန့် ကို လက်မခံ- ခွဲခြားဆက်ဆံတာမျိုး မြင်တယ်လို့  ပြောရင်လဲ ပြောလို့ ရတယ် ။ သို့ ပေမဲ့  မြန်မာနိုင်ငံအတွင်းမှာ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ ရှိနေတဲ့  ဘင်္ဂလီလူမျိုးတွေနဲ့  ပါတ်သက်လို့  အခုလို ကောက်ချက်ချပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ပြောချင်ရာ ပြောနေတာကိုတော့ ကျွန်တော်တို့  အထူးစိတ်ပျက်မိတယ် ။
ကျွန်တော်တို့ အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြဖို့  ဘယ်လိုမှ တိုက်တွန်းချင်တဲ့  စိတ်မရှိတော့ဘူး ဆိုတာ ပြောချင်တယ် ။ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့  အမျိုးသီလကို စောင့်ရှောက်ပြီး အမျိုးသားအကျိုးစီးပွါးကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ် ဆိုတာကို နားလည်နေကြတယ်လို့  ပြောရင် တူသောအကျိုးကို ပေးတာဘဲလို့  ထင်မြင်ယူဆနိုင်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

·

No comments:

Post a Comment