မဇ္ဈိမက ရရှိထားသည့် ရဲမှတ်တမ်းမိတ္တူ တွင် ''ဧရိယာ စုစုပေါင်း ၃.၃၇ ဧကရှိ မြေကွက်သုံးကွက်ကို ဒေါက်တာခင်ရွှေ (အသက်၊ စိစစ်ဆဲ) အုပ်ချုပ်မှု ဒါရိုက်တာ (ဇေကမ္ဘာကုမ္ပဏီ)၊ ဘ-စိစစ်ဆဲ'' ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။
လိမ်လည်သည်ဟုစွပ်စွဲကာ အမှုဖွင့်ထားသူမှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင်နေထ
မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဥယျာဉ်မြို့တော်စီမံကိန
ဖြော်ပြထားသည်။
ဝယ်ယူထားသော အဆိုပါမြေကွက်များကို ခြံစည်းရိုးခတ်ခြင်း၊ သံပန်းသံတံခါးဖြင့် ကာရံခြင်းများ လုပ်ဆောင်ထားပြီးဖြစ်သဖြင့် ဒေါက်တာခင်ရွှေ့ထံမှ နှစ် ၆ဝ ဂရန် လွှဲပြောင်းပေးရန် ဦးဝင်းစိန်က
တောင်းခံရာတွင် ဒေါက်တာခင်ရွှေက အမြန်ဆုံးပေးမည်ဟု ယုံကြည်အောင်ပြောဆိုခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲကမှတ်တမ်းတင်ထားသည်။
သို့သော် မြေကွက်သုံးကွက်အနက် စုစုပေါင်း နှစ်ဧကကျော်ကျယ်သည့် မြေနှစ်ကွက်ကို ရောင်းချခွင့်ရှိကြောင်း ပြောဆိုလျက် ယခုနှစ် ဧပြီ ၈ ရက်နှင့် ဧပြီ ၂၇ ရက်တို့တွင် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုပြီး အခြားသူတစ်ဦးထံမှ ဒေါက်တာခင်ရွှေက စရံငွေများယူထားသည်ဟု ဦးဝင်းစိန်၏ စွပ်စွဲထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ယင်းမြေကွက်များကို ဝယ်ယူရန် စရံပေးချေထားသူ၏ ရှေ့နေက မြေကွက်များနှင့်ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း ယခုလ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည်ဟုလည်း ဦးဝင်းစိန်က ရဲကိုထွက်ဆိုထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာခင်ရွှေကို ယုံကြည်မှုအလွဲသုံးစားလုပ်သည်ဟု ဦးဝင်းစိန်က စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် တိုင်ကြားထားကာ ရဲစခန်းကလည်း အမှုအမှတ်(ပ)၂၉၈/၁၃ ဖြင့် အမှုလက်ခံ ထားပြီး ပုဒ်မ ၄၂ဝ ဖြင့် တရားစွဲရန် ရဲက ဆက်လက်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
No comments:
Post a Comment