
၂၉-၅-၂၀၁၃၊ နေ့လည် (၂း၀၀) မှ (၄း၀၀)ထိ လားရှိုးမြို့ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး နောက်မည်သည့်ဒေသမှ ထပ်မံမဖြစ်ပွားရအောင် တက်ရောက်လာသူ အသီးသီးမှ ဆွေးနွေးခဲ့ကြသည်။
ဦးဝီရသူမှ ဆွေးနွေးမိန့်ကြားရာတွင်....
“ ဦးဇင်းတို့ ဒီအစည်းအဝေးကို ကျင်းပတာကတော့ ရည်ရွယ်ချက် (၃)ချက် ရှိတယ်။
(၁)အချက်ကတော့ ပြဿနာတွေအားလုံးကို ကြည့်လိုက်ရင် မူဆလင်တွေ ရန်စတာ၊ ပြဿနာရှာတာ၊ အကြမ်းဖက်တာ၊ အင်အားသုံးတာ၊ အုပ်စုဖွဲ့အနိုင်ကျင့်တာတွေ တွေ့ရတယ်။ အဲဒါမျိုးတွေ မပေါ်ပေါက်အောင်လည်းပဲ ဒီစည်းဝေးပွဲက ရည်ရွယ်ပါတယ်။
(၂)အချက်ကတော့ မြန်မာတွေ တုန့်ပြန်တာက ဥပဒေမဲ့ တုန့်ပြန်တယ်။ မီးရှို့တဲ့ကုလားကို နောက်ဆုံး မကျေနပ်ရင်တောင်မှ ဒီကုလားကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတို့ လုပ်ရမှာ..၊ အဲဒါကို မဆိုင်တဲ့ ဆိုင်တွေဖျက်တာတို့၊ စာသင်ကျောင်းတွေ မီးရှို့တာတို့၊ ဗလီကို မီးရှို့တာတို့ မလုပ်ပါနဲ့။ ဒါတွေကို ရဟန်းသံဃာတွေက ရှုတ်ချတယ်။ လက်မခံဘူး။ သဘောမတူဘူး။ အားမပေးဘူးဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိသွားအောင်လည်း ဦးဇင်းတို့ ခုလို အလုပ်လုပ်တာပါ။
(၃)အချက်ကတော့ လူသားချင်းသာ စာနာစိတ်တွေ ရှိကြမယ်ဆိုရင် ဥပမာ= ဘာသာတစ်ပါးကနေ အခြားဘာသာကို၊ လူမျိုးတစ်မျိုးကနေ အခြားလူမျိုးကို၊ ယဉ်ကျေးမှုတစ်ခုကနေ အခြားယဉ်ကျေးမှုတစ်ခုကို လေးစားတာမျိုး၊ ကျေးဇူးပြုတာမျိုး၊ ကျေးဇူးသိတာမျိုး၊ အကျိုးလိုလားတာမျိုး အဲလို မိတ်ဆွေကောင်းပီသတဲ့၊ လူသားစိတ်ပီပြင်တဲ့ စိတ်ထားမျိုး ရှိကြဖို့ အဲလိုတာစိတ်ထားရှိကြမယ်ဆိုရင် အကြမ်းဖက် ရန်စတာမျိုးလည်း မပေါ်ပေါက်နိုင်ဘူး။ ဥပဒေမဲ့ တုန့်ပြန်တာမျိုးလည်း မပေါ်ပေါက်နိုင်ဘူး။ ဒီ ရည်ရွယ်ချက်သုံးခုနဲ့ ဦးဇင်းတို့ ခုလို အခမ်းအနားကျင်းပတာ ဖြစ်ပါတယ်။”ဟု ဆွေးနွေး မိန့်ကြားခဲ့ပါတယ်။



ထိုဆွေးနွေးပွဲမှ သဘောထားကြေညာချက်ကိုလည်း ထုပ်ပြန်ခဲ့သည်။ ထိုကြေညာချက်မှာ.......
၂၈-၅-၂၀၁၃ ညနေ (၅)နာရီ ဝန်းကျင်တွင် စတင်ဖြစ်ပွားသော လားရှိုးမြို့ ပဋိပက္ခဖန်တီးမှု၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်အတွင်း မည်သည့်ဒေသမျှ ထပ်မံမဖြစ်ပွားစေကြောင်း သဘောထား ကြေညာချက်ထုတ်ပြန်သည်။
(က) အကြမ်းဖက် ရန်စမှုများ ရပ်တန့်ကြရန်
(ခ) ဥပဒေမဲ့ တုန့်ပြန်မှုများ ချက်ခြင်းရပ်တန့်ကြရန်
(ဂ) လူသားအချင်းချင်း စာနာစိတ်များ ထားရှိကြရန်
ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ (မန္တလေး)မှ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။
(၂၉-၅-၂၀၁၃) အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ
ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီ၊ မန္တလေးမြို့။




No comments:
Post a Comment