Friday, May 31, 2013

မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားချင်းခိုက်ရန်ဖြစ်ပွား

၃၁-၅-၂၀၁၃ ရက်နေ့(၁၃၃၀)အချိန် မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာအုပ်စု၊ အုန်းခြံပိုင်းရှိ အမည်မရှိထမင်းဆိုင် တွင် မှော်ဘီနည်းပညာတက္ကသိုလ်မှ မောင်ပြည့်စုံအောင်ပါ
ကျောင်းသား(၂)ဦးနှင့် အမည်(စုံစမ်းဆဲ)ကျောင်းသား(၄)ဦးတို့သည် ထမင်းစားရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများကြပြီး အမည်(စုံစမ်းဆဲ)ကျောင်းသားအဖွဲ့မှ ပြည့်စုံအောင်အား ဖန်ခွက်/ အချိုရည်ပုလင်း တို့ဖြင့်ရိုက်ခဲ့၍ ပြည့်စုံအောင်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများရရှိသဖြင့် ကျောင်းဆေးခန်းမှတစ်ဆင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစေခဲ့ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍
မော်ကွန်းထိန်းနှင့်အဖွဲ့မှ ကျောင်းစည်းကမ်းအရအရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment