Wednesday, May 29, 2013

ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြားများတွေ့ရှိ Wednesday, May 29, 2013

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဘားအံ-မြ၀တီလမ်းတံတားကျိုးစစ် ဆေးရေး ဂိတ်၌ ဗိုလ်ကြီးသိန်းဇော် ၀င်း ဦး စီးသောအဖွဲ့၊ ဒုရဲမှူးအောင် ကြီးဦးဆောင်သောအဖွဲ့နှင့် ဂိတ်စစ် ဆေးရေးပူးပေါင်းအဖွဲ့တို့မှ တာဝန် ယူဆောင် ရွက်နေစဉ် ၂၀၁၃ ခုနှစ် မေလ ၂၃ ရက် ညနေ ၄ နာရီခန့် အချိန်တွင် မြ၀တီမှ ဘားအံသို့ ယာဉ်မောင်း သန်းစိုးဦး (ခ) ဂျမာလူဒင်၊ လှာကမြင်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဘားအံမြို့ နေ သူမောင်းနှ င် လာသော စူပါကာ စတန်ယာဉ်အားတာဝန်အရစစ်ဆေး ရာ ထော့ပဲပါ စစ်ဗျူဟာ (၃) KNU/KNLA (PC) မှ ဒု အရာခံ ဗိုလ်အဆင့်ရှိစောဖိုးခွားလေး (ဘ) ဦးလူလေး၊ လှာကမြင်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဘာ အံမြို့ နေသူမှ ဦးဆောင်သည့်ဘင်္ဂါလီ၊ ပသီသွေးနှော ၁၆ ဦးတို့လိုက်ပါ လာသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း သတင်းရရှိသည်။

စစ်ဆေးရေးဂိတ်တာဝန်ရှိ ပူးပေါင်းအဖွဲ့မှလိုအပ်သည်များ စိစစ်မေးမြန်းရာ KNU/KNLA (PC) ထော့မဲပါ စစ် ဗျူ ဟာ (၃) ဗိုလ်မှူးကြီးအဆင့် ရှိစောကျော်ကျော် မှ ခေါ်ယူတွေ့ဆုံသဖြင့် ဗိုလ်ကြီး အဆင့်ရှိစော ထွန်း ဦး ၏ ဦးဆောင် မှုဖြင့် ဘားအံမှ မြ၀တီသို့လာ ရောက်တွေ့ဆုံ ကြခြင်းဖြစ်ကြောင်း တွေ့ဆုံပြီး မေလ (၂၃) ရက်နေ့ တွင် မြ၀တီမှ ဘားအံသို့အပြန် တံတားကျိုးစစ်ဆေးရေးဂိတ်၌ စစ်ဆေးခံရခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါဘင်္ဂါလီ၊ ပသီသွေး နှော၊ ၁၆ ဦးတို့ထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြား (၉) ခုတွေ့ရှိပြီး ထော့မဲ ပါ စစ်ဗျူ ဟာ (၃) ရုံးထိုင်မှူးက လက်မှတ် ရေးထိုးထားခြင်းပါရှိသည့်အတွက် စစ်ဆေးရေး ဂိတ် ပူးပေါင်း အဖွဲ့စဗခ (သင်္ဃန်းညီနောင်) ဗျူဟာရုံးသို့ ပို့ဆောင်ကာ KNU/KNLA (PC) ဆက်ဆံရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိကိုထွန်းအားလိုအပ်သည် များကို ထပ်မံစိစစ်ခဲ့ကြကြောင်း ထိုသို့ စိစစ်တွေ့ ရှိချက် အရစာရွက် စာတမ်း၊ အထောက်အထားများ ပြည့်စုံမှုမရှိကြောင်းတွေ့ရှိရာ ၎င်း (၁၆) ဦးတို့ကို ဆက် ဆံရေး တာဝန် ခံကိုထွန်းနှင့် အတူမြ၀တီဆက်ဆံ ရေးရုံးသို့မေလ (၂၃) ရက်နေ့မှာ ပင် စဗခ(ညီနောင်)ဗျူဟာရုံး၏ ညွှန်ကြားချက်ဖြင့်
ပြန်လည်စေ လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၃ မေလ (၂၄) ရက်နေ့ တွင် ရတတ မခ (၂၂) တပ်မမှူး မှ အဆိုပါ ၁၆ ဦးတို့အား ဆက်လက် စုံစမ်း စစ်ဆေး ရန် ညွှန်ကြားချက်အရ မြ၀တီခရိုင် ရဲမှူး၊ မြို့မနယ်ထိန်းအဖွဲ့က မြ၀တီ ဆက်ဆံရေးရုံးမှ ဗိုလ်ကြီး အဆင့် ရှိ စောထွန်းဦးအားစိစစ်ရေန် မြ၀တီ မြို့မရဲစခန်းသို့ခေါ်ဆောင်ခဲ့သည် ဟု သိရသည်။

ယင်းသို့ခေါ်ဆောင်လာစဉ် ဗိုလ်ကြီးအဆင့်ရှိစောထွန်းဦးမှ ရဲစခန်း ၀င်ပေါက်အနီးတယ်လီဖုန်း ဆက် သွယ်နေ ရာမှ တာဝန်ရှိဒုရဲမှူး က အတွင်းဘက်သို့လာရောက် ဆက်သွယ်ပြောကြားရန် ခါးကို ဖက်၍ အထဲ သို့ခေါ်ယူ စဉ်စောထွန်း ဦး၏ ခါးကြားမှ သေနတ်ကို တွေ့ရှိသဖြင့် စခန်းမှူးက ဆွဲယူစဉ် စောထွန်းဦး ကပြန်လည် လုယူပြီး သေနတ် တစ်ချက်ပစ်ဖောက်ထွက် ပြေးသွားခဲ့ကြောင်း သတင်းရရှိ သည်။

၎င်းစောထွန်းဦးထွက်ပြေးစဉ် (9 mm) ကျည်အိတ်နှင့် အတူ ကျည် (၇) တောင့် NOKIA လက်ကိုက်ဖုန်း (၁) လုံးပြုတ် ကျ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး ၂၄.၅.၂၀၁၃ ရက်နေ့လယ် ၁၂း၃၀ နာရီအချိန်မြ၀တီမြို့မ ရဲစခန်းသို့ ဖုန်းဖြင့် ဆက် သွယ်မေး မြန်းကြည့်ရာ “စောထွန်းဦးထွက် ပြေးလွတ်မြောက်သွားသောဖြစ်စဉ် မှန်ကန်ပါကြောင်း လက်ရှိ စစ်ဆေး မေးမြန်းနေဆဲကာလဖြစ်၍ တစ်ခြားတစ်စုံတစ်ရာ အတည်ပြု ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ပြန် လည်ဖြေကြားသည်။

အထက်ပါကိစ္စရပ်တွင် ပါဝင် သူ ၁၆ ဦးအဖွဲ့၌ ဘင်္ဂါလီ (၅) ဦး၊ ဘင်္ဂါလီသွေးနှော (၅) ဦး၊ အခြား သွေးနှော (၆) ဦး တို့ဖြစ်ပြီး မှတ်ပုံ တင်မရှိသူ (၁၂) ဦးပါဝင်ကြောင်း သိရသည်။

၎င်းတို့၏နေရပ်ဖော် ပြချက်များအရ၊ ဘား အံမြို့၊ အမှတ် (၁) ရပ်ကွက်၊ လှာကမြင်လမ်းနေ ထိုင်သူများဟု သိရှိရပြီး အမှတ် (၃) ရပ်ကွက်၊ စွယ်တော် လမ်းမှ (၂) ဦးနှင့် အမှတ် (၂) ရပ်ကွက်၊ ဘားအံမြို့မှ (၁) ဦးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

ဘင်္ဂါလီနှင့် ပသီသွေးနှော ၁၆ ဦးတို့ထံမှ KNU/KNLA (PC) အဖွဲ့ဝင် ကတ်များတွေ့ရှိထားသည့် ကိစ္စနှင့် ပတ် သက်ပြီး လိုအပ်သည် များ ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

ထင်အောင်လင်း
Hot News

No comments:

Post a Comment