Wednesday, May 29, 2013

ဗြိတိန်မှာ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပေါ်


ဗြိတိန်မှာ စစ်သားတဦးကို မွတ်စလင်အကြမ်းဖက်သူတွေက မြို့လည်ခေါင်
မှာ ခုတ်ထစ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း မွတ်စလင် ဆန့်ကျင်ရေးတွေနဲ့ ပလီတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ
ဖြစ်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လူ ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီထဲက သတ်ဖြတ်မှုကျူးလွန်ခဲ့သူ
၂ ယောက်အပါအ၀င် ၃ ယောက်ကို ထိမ်းသိမ်းထားပြီး ၂ ယောက်ကို
ပြန်လွှတ်ပေးလိုက်ပါပြီ။ ၅ ယောက်ကိုတော့ အာမခံနဲ့လွှတ်ပေးလိုက် ပါတယ်။ သူတို့အားလုံးကို သတ်ဖြတ်မှုမှာ ပါဝင်ကြောင်း သံသယနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဂရမ်စဘီမှာ တနင်္ဂနွေနေ့က ပလီကျောင်းတခုကို မီးရှို့မှု ဖြစ်ပွားခဲ့ပြီး မီးရှို့ရာမှာ သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းခဲ့ပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

တနင်္လာနေ့ကတော့ ရာနဲ့ ချီနေတဲ့ EDL (English Defence League) အဖွဲ့ဝင်နဲ့ သူတို့ကိုထောက်ခံသူ လူအုပ်က လန်ဒန်မြို့လယ်အနီး ၀န်ကြီးချုပ်ဒေးဗစ်ကာမရွမ်းရုံးအနီးမှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ စနေနေ့ကလည်း ဒေသတွက်နေတဲ့ လူအုပ်ကြီးက နယူးကက်ဆယ်မှာ ဆန္ဒပြခဲ့ပြီး မွတ်ဆလင်တွေ တိုင်းပြည်က ထွက်ခွါဖို့ တောင်းဆိုခဲ့ကြပါတယ်။ တန်ပြန်ဆန္ဒပြတဲ့ မွတ်စလင်အဖွဲ့ထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်မှုတွေရှိခဲ့တဲ့အတွက် ရဲတွေက ၀င်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။

EDL ဟာ ခရစ်ယာန်လက်ယာ အစွန်းရောက်အဖွဲ့ဖြစ်ပြီး လူဖြူလူငယ် အများစု ပါဝင်ရာမှာ နာဇီလက်သစ်တွေလိုပဲ ခေါင်းရိပ်ထားသူ များတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နာဇီတွေနဲ့ ကွဲပြားတဲ့အချက်က သူတို့ဟာ မွတ်စလင်တွေ ကိုပဲ ပစ်မှတ်ထားပြီး လိင်တူချစ်သူတွေ၊ ဆစ်နဲ့ ဟိန္ဒူတွေကို ထောက်ခံတယ် လို့ သူတို့ရဲ့ လူမှုရေးကွန်ယက်မှာ ဆိုထားပါတယ်။ ဂျူးဘာသာ အင်တာနက် စာမျက်နှာကိုလည်း သူတို့ ကွန်ယက်ပေါ်မှာ ချိတ်ဆက်ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဘာသာရေးကို ကာကွယ်ပါ။ အင်္ဂလန်ကို ကာကွယ်ပါဆိုတဲ့
ကြွေးကျော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Z

please share, do not copy.
source: http://edition.cnn.com/2013/05/27/world/europe/uk-mosque-fire/index.html?hpt=ieu_c1

No comments:

Post a Comment