Tuesday, May 28, 2013

စင်ကာပူတွင် ဖျော်ဖြေမည့် S.H.E အဆိုအဖွဲ့


တရုတ် (တိုင်ပေ)မှ ကမ္ဘာကျော် အဆို အဖွဲ့ဖြစ်သည့် S.H.E အဆို အဖွဲ့သည် စင်ကာပူ နိုင်ငံ၌ အောက်တိုဘာ ၂၆ ရက်တွင် ဖျော်ဖြေပွဲ ကျင်းပ သွားမည်ဟု သိရသည်။
ဂီတသက်တမ်း ၁၂ နှစ်ရှိပြီ ဖြစ်သည့် S.H.E အဖွဲ့သည် ၎င်းတို့၏ ၂၀၁၃ ကမ္ဘာလှည့် ဖျော်ဖြေပွဲကို S.H.E 2 GETHER 4 EVER ဟု အမည် ပေးထားသည်။

စင်ကာပူ နိုင်ငံမှ S.H.E ကိုအားပေးသည့် ပရိသတ်များ အတွက် အကောင်းဆုံး ဖြစ်စေရန် မိမိတို့ အဖွဲ့သား များက ကြိုးစားဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း S.H.E အဖွဲ့မှ အဆိုတော် မင်းသမီးချော ဆလီနာဂျန်က ပြောကြားခဲ့သည်။

S.H.E အဖွဲ့၏ ဖျော်ဖြေပွဲ လက်မှတ်များကို မေ ၂၇ ရက်တွင် စတင် ရောင်းချသွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲ လက်မှတ် ဈေးနှုန်းများမှာ စင်ကာပူ ဒေါ်လာ ၂၂၈ ဒေါ်လာ၊ ၁၆၈ ဒေါ်လာ၊ ၁၃၈ ဒေါ်လာနှင့် ၉၈ ဒေါ်လာဟူ၍ ဈေးနှုန်း အစားစား ရှိကြောင်း သိရသည်။
Credit To:မြ၀တီ

ZinYawNews

No comments:

Post a Comment