Friday, May 31, 2013

လားရှိုး မန်ဆူရှမ်းကျောင်း ဒုက္ခသည်များ ခိုလှုံ

လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်း ဘုန်းကြီးကျောင်းမှာ ပဋိပက္ခအရေးခင်းကြောင့် ဒုက္ခရောက်နေသူ လူဦးရေ ၆၀၀ကျော်လောက် ရောက်ရှိနေပါတယ်။ အရေးခင်းကြောင့် ပိတ်မိနေသူတွေကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်ထုတ်ပြီး မန်ဆူကျောင်းရှိ ဒုက္ခသည်စခန်းကို ပို့ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။

အဲဒီ့နေရာကို မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့တွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ လာရောက်ပြီး ဒုက္ခသည်များကို အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ

No comments:

Post a Comment