ငမိုးရိပ်ချောင်းအတွင်း ရွှေပေါက္ကံဘက်မှဒဂုံမြောက်ဘက်သို့ စိန်မြင့်၊ ၅၅နှစ်(ဘ)ဦးငြိမ်း၊ ရွှေပေါက္ကံနေသူ မောင်းနှင်လာသည့်
အဏ္ဏ၀ါမင်း သဲစက်လှေသည် မြောက်ဥက္ကလာနှင့် ဒဂုံမြောက်မြို့နယ်တို့
ဆက်သွယ်ထားသည့် ကြိုးတံတားအောက်သို့ဖြတ်မောင်းစဉ် ကြိုးတံတားဘောင်အား
စက်လှေ၏ဦးနှင့်တိုက်မိသဖြင့် ကြိုးတံတားရှိချိတ်ဆွဲထားသော သံကြိုး ၁၀
ချောင်းပြတ်သွားခဲ့ကာ စက်လှေနှင့်တံတားငြိနေရာမှ ၁၀၀၀ အချိန်ခန့်တွင်
အခြားစက်လှေ တစ်စီးဖြင့် ဆွဲဖယ်ခဲ့၍တံတားနှင့်လွတ်သွားခဲ့ပြီး
လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အဆိုပါနေရာသို့မြောက်ဥက္ကလာပမြို့နယ်
လမ်းတံတားဌာနမှ လက်ထောက်အင်ဂျင်နီယာဦးဆန်းဝင်းနှင့်အဖွဲ့ ရောက်ရှိစစ်ဆေးကာ
ခရိုင်အင်ဂျင်နီယာရုံးသို့ဆက်လက်တင်ပြပြီး လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်စေရန် အမြန်ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
No comments:
Post a Comment