အမေရိကန်နိုင်ငံ၊
နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့်
ပတ်သက်သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း
သိရှိရသည်။ ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်သည် နယူးယော့ခ်တွင် အမှတ်တရ နေရာလေး တစ်ခု
အဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည်။
ကမ္ဘာပေါ်တွင် မီးမငြိမ်းဘဲ တောက်လောင်နေသည့် မီးတောက်အများ
အပြား ရှိနေသော်လည်း ယင်းတို့အနက် အများစုကို လူများက ဖန်တီးကာ မီးမငြိမ်းအောင် လောင်စာ ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။
အဓိကအားဖြင့် လူပုဂ္ဂိုလ် တစ်ဦးဦးကို ဂုဏ်ပြုသည့် အခြေအနေမျိုးတွင် မသေသော မီးတောက်များကို ဖန်တီးလေ့ ရှိသည်။ သို့သော်လည်း ချက်စတန့်ရစ်ဂ်ျကောင်တီ ဥယျာဉ်အတွင်းမှ မီးတောက်လေးမှာ ထူးခြားလျှက် ရှိသည်။
Planet Myanmar Network

No comments:
Post a Comment