Friday, May 31, 2013

မိဘသဘောမတူဘဲခိုးယူပေါင်းသင်း၍အောင်မျိုးလင်းအား အရေးယူမှု

၂၆.၅.၂၀၁၃ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင်ဆိပ်ကြီးခနောင်တိုမြို့ နယ်နေ ဒေါ်----- သည်နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ -----သည် မိုးချုပ်သည်အထိ နေအိမ်သို့ပြန်မလာ၍ သမီးဖြစ်သူအလုပ်လုပ်သည့် လမ်းမတော်မြို့နယ်၊ ၄ရပ်ကွက်ရှိကုန်စုံဆိုင်သို့ သွားရောက်စုံစမ်းရာ ပိုင်ရှင်၏ညီဖြစ်သူ အောင်မျိုးလင်း၊ (ဘ)ဦးဟာအစ်၊ မွတ်ဆလင်/အစ္စလာမ် ကျောက်တံတားမြို့နယ် နေသူမှ
သွေးဆောင်ခေါ်ယူပြီး ဒဂုံတောင်မြို့နယ် ၂၆ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အောင်သပြေတည်းခိုခန်းသို့ ၂၈.၅.၂၀၁၃ ရက်နေ့အထိခေါ်ယူတည်းခိုပေါင်းသင်းခဲ့သဖြင့် အရေးယူပေးပါရန်
တိုင်တန်းခဲ့၍ လမ်းမတော်မြို့မရဲစခန်း တွင် အရေးယူထားရှိပြီး တရားခံ အောင်မျိုးလင်းအားဖမ်းဆီး ရမိရေးဆောင်ရွက်လျှက်
ရှိကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment