Monday, May 27, 2013

94B Updates 28-5-2013 6:09 am Singapore


ဘင်္ဂလားပင်လယ်အော်မြောက်ပိုငးမှာ မနေ့ကဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း 94B ဟာ ညကတော့ ပိုမိုအားကောင်းမလာတဲ့အပြင် ဖွဲ့စည်းပုံတောင် ကျစ်ကျစ်လစ်လစ် မရှိတော့ဘဲ ပြန့်ကျဲလာတာကိုတွေ့ရပါတယ်။

ဒါပေမယ့် ဆက်လက်တည်ရှိနေဆဲဖြစ်လို့ စောင့်ကြည့်အဖြစ်နဲ့ ဆက်လက်သတ်မှတ် ထားပါတယ်။
ကျွန်တော်မူလခန့်မှန်းထားတဲ့အတိုင်း
(၁) ဖြစ်နေကျ ဖြစ်စဉ်တစ်ခုပါ။
(၂) အားကောင်းတဲ့ မုန်တိုင်း ဖြစ်လာဖို့ နည်းပါတယ်။
(၃) ဖြစ်ရင်လည်း မြန်မာနိုင်ငံကို မ၀င်နိုင်ပါဘူး။

ဒီခန့်မှန်းချက်ကိုဘဲ မပြောင်းလဲဘဲ ဆက်လက် ထုတ်ပြန်လိုပါတယ်။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment