မုံရွာမြို့မှ
ကလေး-တမူးမြို့ တို့သို့ ပြေးဆွဲသည့် တင့်တိုင်းအောင် ခရီးသည်တင်
မှန်လုံယာဉ်သည် မေလ၂၁ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်အချိန်က မုံရွာ-ကလေးဝ
ကားလမ်း မိုင်တိုင်အမှတ် ၄၉မိုင် ၄ဖာလုံ တွင် ချောက်ထဲထိုးကျခဲ့ရာ
နှစ်ဦးသေဆုံးပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။
“မှန်လုံကားက
မုံရွာကနေ ထွက်သွားတဲ့ ကားပါ။ မှန်လုံဆိုပေမယ့် ခရီးသည်က အနည်းအကျဉ်းပဲ
ပါတယ်။ ကားပေါ်မှာ သရက်သီးကုန်တွေ တင်ထားတယ်။ ကုန်းဆင်းမှာ ချောက်ထဲ
ထိုးကျသွားတာ”ဟု ယင်းရဲအရာရှိက ဆက်လက် ပြောကြားသည်။
ယင်းမှန်လုံအမြန်ယာဉ်မှာ မိုင်တိုင် အမှတ်၄၉အနီးရှိ ကုန်းဆင်းတွင်
ချောက်အတွင်း ပြုတ်ကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ
ယာဉ်မောင်းနှင့် ခရီးသည် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ ဒဏ်ရာ
ရရှိသူလေးဦးမှာ မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု
ခံယူ နေကြောင်း အဆိုပါ မှန်လုံယာဉ်လိုင်းထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment