သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ မူဝါဒများအပေါ်မှာလည်း ပြည်တွင်းမီဒီယာများက သူတို့ အမြင်များကို ပွင့်ပွင့်လင်းလင်းပဲရေးသားလာတာ
အဲဒီလိုရေးသားမှုများနဲ့ ပတ်သက်ပြီး မိတ်ဆွေများက တစ်ချို့ကိစ္စတွေအပေါ် စာနယ်ဇင်းတွေက ရေးတာ မပြင်းထန်လွန်းဘူးလား လို့ မေးလေ့ရှိသလို စာနယ်ဇင်းသမားတစ်ချို့ ကလည်း ကျွန်တော်၊ ကျွန်မတော့ မြင်တဲ့အတိုင်းရေးလိုက်တာ၊ ပြင်းထန်လွန်းရင်လည်း နားလည်ပေး ပါလို့ ဆိုကြပါတယ်။ ၀န်ကြီးဌာနများက သတင်းထုတ်ပြန်ရေးအတွက် တာဝန်ရှိသူများ နဲ့ ဆွေးနွေးတဲ့အခါမှာလည်း တစ်ချို့ စာနယ်ဇင်းများက တစ်ဘက်သတ်အမြင်နဲ့ ဝေဖန် ပုတ်ခတ် ရေးသားမှုများအပေါ် ထောက်ပြဆွေးနွေးတာတွေလည်းရှိပါတ
အဲဒိလိုဆွေးနွေးပြောဆိုချက်များ
ကျွန်တော်တို့ကတော့ စာနယ်ဇင်းများရဲ့ ရေးသားမှုနဲ့ ပတ်သက်ပြီး ပြင်းထန်၏ မပြင်းထန်၏ ဆိုတာထက် အချက်အလက်မှန်၏ မမှန်၏၊ ကြောင်းကျိုးခိုင်လုံ၏ မခိုင်လုံ၏ ဆိုတဲ့အချက်နဲ့ပဲ စဉ်းစား ပါတယ်။ အချက်အလက်မှားတယ်ဆိုရင်တော့ ထောက်ပြပါတယ်။ ကြောင်းကျိုး ခိုင်လုံ ခြင်းမရှိဘဲနဲ့ လိုရာဆွဲပြီးရေးတယ်ဆိုရင်တော့ စာဖတ်ပရိသတ်များကပဲ ဆုံးဖြတ်နိုင်အောင် လိုအပ်ရင်တော့ အကျိုးအကြောင်းနဲ့ ရှင်းပြပါတယ်။
ဘယ်သူတွေ ဘာပဲရေးရေး နောက်ဆုံး အဆုံးအဖြတ်ကတော့ ပြည်သူတွေပဲ ဖြစ်မှာပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ အစိုးရသစ်ရဲ့ မူဝါဒကြောင့် သတင်းအချက်အလက်စီးဆင်းမှုတွေ ပိုမို မြန်ဆန် ပွင့်လင်းလာတာနဲ့ အမျှ ပြည်သူတွေအနေနဲ့ ကြားသမျှ သတင်းကို မျက်စိမှိတ် ယုံတဲ့ ခေတ်ကုန်သွားခဲ့ပါပြီ။
ဒါ့ကြောင့် ဘက်လိုက်ပြီး ပြင်းပြင်းထန်ထန် နှစ်ပြားမတန်အောင်ဝေဖန်နေလဲ စိတ်ပူစရာ၊ စိုးရိမ် စရာ မလိုဘူး၊ မိမိဘက်က အသိပေးသင့်တဲ့ သတင်းအချက်အလက်များကိုသာ ပွင့်လင်းမြင်သာစွာ အသိပေးပါ၊ ပြည်သူက စဉ်းစားချင့်ချိန်နိုင်တဲ့အတွက်
No comments:
Post a Comment