ဧရာဝတီတိုင်း
ဒေသကြီး မြန်အောင်မြို့ စိတ္တသုခလမ်းတွင် ဇနီးဖြစ်သူ သေဆုံးပြီး
နှစ်ပတ်ကျော်အကြာတွင် ခင်ပွန်းဖြစ်သူ အဆိပ်သောက်သေဆုံးမှု မေလ ၁၉ ရက်နေ့
နံနက် ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း မြန်အောင်မြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့ခံများထံမှ သိရသည်။
အဆိပ်သောက်
သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်ရှိ ဦးဖြိုးဝေလှိုင် ဖြစ်ပြီး မေလ ၂ ရက်နေ့က
ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျ သေဆုံးသွားသည့်အတွက် ဝမ်းနည်းကြေကွဲကာ
အဆိပ်သောက်ခြင်း ဖြစ်ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ထံမှ
သိရသည်။
အဆိုပါဖြစ်စဉ်ကို သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၃ ဖြင့် အမှုဖွင့်ထား ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။
No comments:
Post a Comment