Monday, May 6, 2013

ကျောက်ကပ် အလှူရှင် မောင်ဒီမိုလေး


(ကျွန်တော့် တစ်ဘဝလုံး လှူခဲ့ တောင် သူ့  ဒါနတစ်ခုကို မမှီခဲ့ပါ။ )
သူကတော့ မြိတ်မြို့  မြို့သစ်ရပ် မှာနေတဲ့မောင်ဒီမိုလွင် အသက် (၂၅)နှစ်ဖြစ်ပါတယ်။မောင်ဒီမိုလေးဟာ ဆီးချိုကြောင့်ခြေဖြတ် ထားရတဲ့အဖေနှင့်အတူ မိဘနှစ်ပါးကို လုပ်ကျွေးပြုစု နေတဲ့ သား အလိမ္မာလေး ဖြစ်ပါတယ်။
တစ်နေ့ တော့သူ့ အဖေဟာ ကျောက်ကပ်ရောဂါ ကြောင့်အိပ်ရာမှာ လှဲနေပါတော့တယ်။သူ့  အဖေကို တစ်စက္ကန့်  လေးဘဲ့ ဖြစ်ဖြစ် တစ်ရက်ဘဲ့ဖြစ်ဖြစ် လူ့  လောကမှာ ပိုနေရလည်း သူ ကျေနပ်ပါတယ်လို့  တွေးကာ သူရှာထားရသမျှ စည်းစိမ် ဥစ္စာအကုန်ရောင်းချပြီး သူ့ ရဲ့ ကျောက်ကပ် တစ်လုံးကိုလည်း အိန္ဒိယမှာခွဲစိပ်လှူဒါန်း ပေးခဲ့ ပါတယ်။အသက်ကြီးတဲ့အဖေအို၊ အမေ အိုတို့ ကို လုပ်ကျွေးပြုစု ရုံသာမကဘဲ့ ကျေးဇူးရှင်ဖခင်ကြီးအတွက်လည်း သူ့  အသက်သေမှာမကြောက်ဘဲ့ကျောက်ကပ် တစ်လုံးကိုထုတ် လှူဒါန်းရဲတဲ့သူငယ်ချင်း ဒီမို ရဲ့ သတ္တိကို လေးစားမိပါတယ်။အော်...ငါတို့ မှာတော့
ရရှိထားတဲ့ ဒီ ခန္ဓာ(၅)ပါး ရုပ်နာမ်(၂)ပါးကို ငါ့ခန္ဓာကိုယ်ကြီး
လို့ စွဲနေလိုက်ကြတာ၊. နှမြောနေလိုက်ကြတာ....
ခုတော့ ....ကျောက်ကပ် တစ်လုံးတည်းနှင့် အသက်ရှင်ရမဲ့ သူ့  ဘဝရှေ့ဆက်ရမဲ့ခရီးမှာ ကြမ်းကြမ်းတမ်းတမ်း ဘာတစ်မှ လုပ်လို့ မရတော့ ပါ။သူ ချစ်မြတ်နိုးလှပါတဲ့ ဘော်လုံးကန်ဖို့ က သူ့  တစ်ဘဝလုံး မဖြစ်နိုင် တော့ပါ။ ထို့ အပြင် တခါတလေ အရက်ဆေးလိပ်သောက်စား
ခြင်းလည်း လုံးဝ လုပ်လို့ မရတော့  ပါ။ဒါပေမဲ့ သူ အရမ်း ပျော်နေပါတယ်။မြေကြီးနှင့် ခြေ မထိအောင်ကို ပေါ့ပါး
ပျော်ရွှင်နေခဲ့ပါတယ်။သူ့ ဖခင် ကိုကျန်းကျန်းမာမာနှင့်
မြင်တွေ့ ရတိုင်းပေါ့...။သူ့ ကို လှူပြီးအချိန်မှာ ဘယ်လို ခံစား ပီတိဖြစ်နေရသလဲလို့ မေးတော့ သူ့  မှာ ခံစားရတဲ့
ပျော်ရွှင်ဝမ်းမြောက်မှုကတော့ ..."ဖော်ပြနိုင်ဖို့  စကားလုံး မရှိပါတဲ့"... သူ ဘယ်လို ပျော်ရွှင်နေသလဲဆို ရင်
ပြောရင်း ပီတိမျက်ရည်တောင်လည် နေခဲ့ပါတော့တယ်။
လေစိမ်းတိုက်ရင် ကြက်သီးမွှေးညင်း ထသလိုမျိုးထက်တောင် သူ ရဲ့ ပီတိဈာန် အဟုန်က ပိုမိုကာ အချိန်တိုင်း ဖြစ်နေပါတယ်တဲ့။သူက အသည်းအလှူခံလိုပါကလည်း သူရဲ့ အသည်းကိုလည်း လှူဒါန်း ချင်နေပါသေးတယ်။သူရဲ့ သွေးအုပ်စုက အိုသွေးA+ တဲ့....။
ဒီလောက်ဆို ...တော်ပါပြီ မောင်ဒီမိုလေးရာ

(ကျွန်တော့် တစ်ဘဝလုံး လှူ နေတာတောင် သူ့  ကျောက်ကပ်တစ်လုံးလှူခဲ့တဲ့ဒါန ကို မမှီခဲ့ပါ။)

ဆယ်ဘဝတောင်မှီမယ် မထင်ပါဘူး။
(ကျွန်တော့် ကျောက်ကပ်ကို ထုတ်မလှူရဲ သေးဘူးလေ)
ဤ post လေးနဲ့ ဘိတ်သားလေး မောင်ဒီမိုကို ဂုဏ်ပြု
အပ်ပါသည်။သာဓု သာဓု သာဓု ပါ။

1 comment:

  1. ကျွန်တော်တကယ်လေးစားပါတယ်ဒီမိုလွင်စိတ်စိတ်ထာကောင်းပါတယ်ကျွန်တော်သူငယ်ချင်လူတဲ့ကျောက်ကပ်အတွက်ဂုဏ်ယူပါတယ်ဒီမိုရယ်မင်ရဲ့သူငယ်ချင်းနောင်ကိုင်း။

    ReplyDelete