Tuesday, May 28, 2013

ဟိုက်ဒရောလစ်ခလုတ်ဖိမိရာမှ ယာဉ်ကိုယ်ထည်လန်ကျ၍ ၉ ဦး ဒဏ်ရာရရှိ နေပြည်တော်၊ မေ ၂၈

၂၇-၅-၂၀၁၃ ရက်နေ့ ၁၃၂၅ အချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ် ကျေးရွာအနီးတွင်တည်ထားကိုးကွယ်သော စန့်ခေါန်ဖိတ်(ခ)ရန်အောင်မြင်စေတီတော်မြတ်ကြီးမှ ရောင်ခြည်တော်ကွန့်မြူးသည်ကို သွားရောက်ဖူးမြော်ပြီးပြန်လာသည့် ဘုရားဖူးခရီးသည်(၁၁)ဦးပါသည့် မိုးညှင်းမြို့၊ မြို့မရပ်ကွက်နေ ကိုဦး(၃၀)နှစ်မောင်းနှင်လာသော တုန်ဖုန်းယာဉ်သည် ရွှေဘို-မြစ်ကြီးနား ကားလမ်း၊ မိုးညှင်းအစိုးရနည်းပညာကောလိပ်ကျောင်းရှေ့အရောက်၌ ယာဉ်၏ကိုယ်ထည်လှန်ချသည့် ဟိုက်ဒရောလစ်ခလုတ်အား ခရီးသည်တစ်ဦးမှဖိမိသဖြင့် ယာဉ်၏ကိုယ်ထည်လန်ကျခဲ့သည်။
ထိုသို့လန်ကျသဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် မိုးညှင်းမြို့၊ မြို့မရပ်ကွက်နေ မဇင်မာဦး(၂၅)နှစ်ပါ ၉ ဦးတွင် ဖူးရောင်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိုးညှင်းမြို့ ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ကာ ယာဉ်မောင်း ကိုဦးအား မိုးညှင်းမြို့မရဲစခန်းယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment