Monday, May 27, 2013

သမ္မတဦးသိန်းစိန်နှင့်ဦးရွက်ဆစ်တို့တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံကြီးတစ်နိုင်ငံကို ကြားနေအဖြစ်ဖိတ်ခေါ်ရန် SSA ဆန္ဒရှိ Monday, May 27, 2013


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ရှမ်းပြည်တပ်မတော် SSA ဗိုလ်ချုပ်ကြီး
ရွက်ဆစ် တို့တွေ့ဆုံရာတွင် နိုင်ငံကြီးတစ်နိုင်ငံကိုကြားနေအဖြစ်ဖိတ်ခေါ်
သွားရန်ဆန္ဒရှိနေကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးတစ်ဦးက
မီဒီယာများသို့ပြောကြားသည်။

ကြားနေနိုင်ငံအဖြစ်ဖိတ်ခေါ်ရန်ဆန္ဒရှိသည့်နိုင်ငံအားထုတ်ဖော်ပြောကြား
ခြင်းမရှိသေးသော်လည်း ထာဝရငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစု ကြည် ပါဝင်ဆောင်ရွက်မည်ဆိုပါက SSA အနေဖြင့်ကြိုဆိုကြောင်း အဆို
ပါ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။

" ထာဝရငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်
ပါဝင်ဖို့ဆန္ဒရှိရင် ဖိတ်ခေါ်ဖို့အသင့်ပါပဲ၊ သူသာပါဝင်ဆောင်ရွက်မယ်ဆိုရင်
ပိုကောင်းမယ်လို့မျှော်လင့်ပါတယ်၊ " ဟု SSA ငြိမ်းချမ်းရေးကော်မတီဝင်
စိုင်းရွက်မိဏ်း ကဆိုသည်။

နိုင်ငံတော်သမ္မတ၏ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတနှင့် ဦးရွက်ဆစ်
တို့သည် လာမည့်ဇွန်လအတွင်းတွေ့ဆုံနိုင်ဖွယ်ရှိကြောင်းသိရသည်။

အစိုးရနှင့် SSA တပ်များအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း
၂၀၁၃ ခုနှစ်အတွင်းလုပ်ကိုင်ခွင့်ပြုထားသည့် သတ္တုလုပ်ငန်းနှင့်ရာဘာစိုက် ပျိုးရန် နေရာများသို့ SSA အနေဖြင့်ဝင်ရောက်လုပ်ကိုင်ခြင်းမရှိသေးကြောင်း
RCSS/SSA ငြိမ်းချမ်းရေးကော်မတီကဆိုသည်။

အစိုးရနှင့် SSA တို့သုံးကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

ယနေ့ခေတ်

No comments:

Post a Comment