ကျွန်တော့်သားငယ်
မောင်သွင်ဦးဆက်ပါ အိမ်နားက စကိတ်ကွင်း စကိတ်သွားစီးတာ လဲကြပြီး
တတောင်ဆစ် အရိုးပြုတ်သွားလို့  အခုခွဲစိတ်ခန်းဝင်ရတော့မယ်
အဲဒီစကိတ်ကွင်းအကြောင်း နဲနဲတော့ပြောချင်ပါတယ် ကိုယ့်သားဖြစ်လို့ မဟုတ်ပါ ကလေးငယ်တော်တော်များများ အဲဒီကွင်းမှာ ဒဏ်ရာတွေရနေကြ တယ်ကြားတယ် ဘယ်လို ကျွမ်းကျင်မှု့သတ်မှတ်ပြီး အဆငိ့ခွဲတာရှိရဲ့လား ရှေးဦးသူနာပြု အစီအစဉ် နဲ့ ထိခိုက်ဒဏ်ရာ ရှိမှု့ ကာကွယ်ရေး အစီအစဉ် ဘယ်ပုံဘယ်နည်းဆောင်ရွက် လုပ်ကိုင်ခွင့် ဒါတွေဟာ မေးမြန်းရပါတော့မယ် လူငယ်တွေ ဒဏ်ရာ ရနေတယ်နော် အောက်ခံသမန်တလင်း မှာ အခန့် မသင့်ရင် ဘာမဆိုဖြစ်သွားနိင်ပါတယ်
အခုတောင် စတီးချောင်း ထည့်ရမလိုဖြစ်နေပြီ ဗျာ
မကြာခင်ဆိုရင် ကျောင်းဖွင့်တော့မယ်
ရေ ရှည် လေးတော့ စဉ်းစားပြီး စီးပွားရှာကြဘို့ ပြောချင်တယ်
ကလေး ငယ် တွေ ဖြစ်တော့ ဖြစ်လာနိင်တဲ့ အရာအားလုံးအတွက်စိုးရိမ်မိပါတယ်

No comments:
Post a Comment