Friday, May 24, 2013

မုံရွာအမှတ်(၂) ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး တပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအပေါ် ငွေကြေးအမြတ်ထုတ်

မုံရွာမြို့နယ် အမှတ်(၂)ရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးသည် တပ်ဖွဲ့ဝင် (၇၀) ကျော်၏ လစာငွေများအနက်မှ ရာစွန်းငွေများအား မပေးဘဲ ချန်ထားခြင်း၊ အချုပ်ခန်းအား ငါ့အချုပ်ခန်းဟုဆိုကာ အချုပ်သားများထံမှ ငွေကြေး တောင်းယူခြင်း၊ ငွေမပေးနိုင်ပါက အချုပ်သားသုံး အိမ်သာအနီးတွင် အိပ်ခိုင်းခြင်းတို့ကို ပြုလုပ်နေကြောင်း အမှတ်(၂) ရဲစခန်းမှ ရဲဘော်တစ်ဦးက သလ္လာဝတီတိုင်းမ်သို့ Message Box မှ တစ်ဆင့် သတင်းပေးပို့သည်။

အဆိုပါရဲဘော်က "ဂုတ်သွေးစုတ်အမြက်ထုက်တာကတော့ ကျနော်တို့ကိုနိုင်ငံတော်ကပေးတဲ့လစာတွေထဲကနေပြီး မီးချောင်း၁ချောင်း ၈၀၀ိကျပ် မီးပူ ၁ ခု ၈၀၀ိကျပ် ထမင်းပေါင်းအိုး ၁လုံး၈၀၀ိကျပ် ၄။ဟင်းပေါင်းအိုး၁လုံး ၈၀၀ိကျပ် TV ၁လုံး ၈၀၀ိကျပ် စခန်းအများသုံး ၅၀၀ိကျပ် ၇။ရေခဲသေတ္တာ ရှိသူများ ၂၅၀၀ိကျပ်နှုံးဖြင့် တပ်ဖွဲ့ဝင်၇၀ ဦးကျော်တို့ထံမှ မတရားဖြတ်ယူခဲ့ပါတယ်။လစာငွေထဲမှ ရာစွန်းငွေတွေကိုလည်း မပေးဘူးဗျ။ ကျနော်တို့မှာ သားသမီးများ၏ပညာရေးကိုငဲ့ကွက်ပြီး မပြောရဲဘူး ဖြစ်နေပါတယ်။

သူတို့ သားအဖနှစ်ဦးက ပိုဆိုးလာပြီး အချုပ်ခန်းက ငါ့အချုပ်ခန်းဆိုပြီး အချုပ်သားတွေဆီကနေ ပိုက်ဆံကို နည်းအမျိုးမျိုးနဲ့ တောင်းယူခဲ့ပါတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူဆိုရင် အချုပ်သားသုံးအိမ်သာအနီးမှာ အိပ်ခိုင်းတာ ထိုင်ထလုပ်ခိုင်းတာ မကြာဝံ့မနာသာဆဲရေးတာ နည်းအမျိုးမျိုးနဲ့ နှိပ်စက်ခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် တရားရုးံမှာ တရားစွဲ ရီမန်ယူရမယ့်တရားခံတွေဆီက ၁ဦးလျှင် အနည်းဆုံး ၃၀၀၀ိကျပ်တောင်းယူပြီး ဆိုက်တွဲသမားဆိုသူအား၂၀၀၀ိကျပ်သာပေးချေခဲ့တာတွေ ရှိပါတယ်။ ပြေပြမယ်ဆိုရင် အများကြီးရှိပါသေးတယ်။ စခန်မှူး မြို့နယ်မှူးတွေကလည်းမသိတာလား မပြောတာလား မသိပါဘူး" ဟု ပြောကြားသည်။

No comments:

Post a Comment