"အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးအား သားမယားပြု ကျင့်ကြောင်း ရက် ၂၀ ကြာပြီးမှ တိုင်တန်း၍ ဖမ်းဆီးအရေးယူ"
ပုဇွန်တောင်မြို့နယ်၊
ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊
(ဘ)ဦးရွှေထွန်းသည် ၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၂၀၀ အချိန် နေအိမ်တွင် ရှိနေစဉ်
သူမနှင့်ခင်မင် ရင်းနှီးပြီးနေအိမ်များသို့ အပြန် အလှန် ၀င်ထွက်သွားလာနေသူ
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး
တင့်အောင်ဝင်းသည် သူမ၏ ချစ်သူ သားသား(ခ)မျိုးသန့် (တပ်ကြပ်ကြီး
တင့်အောင်ဝင်း နှင့်လည်း ရင်းနှီးသူ) မှာ မူးနေ၍ သွားရောက် ခေါ်ရန်
ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကာ ခေါ်သဖြင့် ပုဇွန်တောင်မြို့နယ် မှ
သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အငှား ယာဉ်ဖြင့်
လိုက်ပါလာခဲ့ရာ တည်းခိုခန်းသို့ရောက်ရှိစဉ် မ------၏ချစ်သူမှာအပေါ်ထပ်အခန်းတွင်
ရှိနေကြောင်းပြောဆိုခေါ်ယူပြီး အပေါ်ထပ်ရှိ အခန်းတစ်ခန်း အတွင်းအရောက်
သူမ၏ချစ်သူ မရှိကြောင်း သိရသဖြင့်ပြန်မည်ပြုရာ တပ်ကြပ်ကြီး
တင့်အောင်ဝင်းမှ လက်အားလိမ်ချိုးကာ ဆောင့်တွန်းခဲ့၍ ဦးခေါင်းနှင့်
အုတ်နံရံတို့တိုက်မိကာ ခေါင်းမူးသွားစဉ် သားမယား အဖြစ်ပြုကျင့်ခဲ့ပြီး
သားသား(ခ) မျိုးသန့်အားပြန်ပြောလျှင် သတ်ပစ် မည်ဟုပြောဆို ခြိမ်းခြောက်
ခဲ့ကြောင်း မ------ မှ အရေးယူပေးရန် အချင်းဖြစ်ပြီးရက် ၂၀ ကြာမှ
တိုင်စာဖြင့် တိုင်တန်း သဖြင့် တပ်ကြပ်ကြီး တင့်အောင်ဝင်းအား သာကေတ
မြို့မရဲစခန်း (ပ)၂၇၇/၂၀၁၃၊ပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးအရေးယူ ထားရှိပါသည်။
ရဲတပ်ကြပ်ကြီး တင့်အောင်ဝင်းသည် ပြည်သူကို ဥပဒေနှင့်အညီ ကိုယ်တိုင်
စောင့်ရှောက်ရမည့် တာဝန်ရှိ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ကျင့်ဝတ် သိက္ခာ
ကိုစောင့်ထိန်းမှု မရှိသောကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ
ထိရောက်စွာ ပြစ်ဒဏ်ချမှတ် ဆောင်ရွက် သွားမည့်အပြင် နယ်ဘက် ဥပဒေဖြင့်လည်း
ထိရောက်သောပြစ်ဒဏ် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်/မြ၀တီ
ZinYawNews
No comments:
Post a Comment