Friday, May 24, 2013

မေ ၂၈ ရက်နေ့ဆွေးနွေးပွဲ ကျင်းပရန် KIO အဖွဲ့မှ ရှေ့ပြေး၅ ယောက်မြစ်ကြီးနားသို့ ယောက်ရှိ

KIO အဖွဲ့ အိုင်တီ နည်းပညာရှင် (၅) ဦး မြစ်ကြီးမြို့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယနေ့ ညနေပိုင်း မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံးသို့ ရောက်ရှိခဲ့သည်။ အဆိုပါ(၅ )ဦးအား မြစ်ကြီးနား မနောကွင်းတွင် ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦး လဂျွန်ငန်ဆိုင်း နှင့် အခြား ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များမှ ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ဆွေးနွေးပွဲ ကျင်းပမည့် မနောကွင်း မဂျွယ်ခန်း မဆောင်တွင်လည်း မျက်နာကျက်၊ လေအေးပေးစက်များ တပ်ဆင် လျှက်ရှိသည်။ ထိုဆွေးနွေးပွဲတွင် KIO အဖွဲ့မှ တာဝန်ရှိသူ ၈ ဦး တက်ရောက်မည် ဖြစ်သည်။ ထိုတက်ရောက်လာမည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား UN နှင့် PCG မှ သွားရောက် ကြိုဆိုမည် ဖြစ်သည်။

No comments:

Post a Comment