Saturday, June 29, 2013

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးလေဆိပ် တာဝန်ခံ ရဲမှူး ထူးနိုင် ဘာလဲ ဘယ်လဲ 29.6.2013



ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးလေဆိပ်ကို ယခင်
စစ်တပ် က တာဝန်ယူပြီး နောက်မှာ စစ်တပ်ကနေ အသွင်းပြောင်းပြီး
လေကြောင်းရဲတပ်ဖွဲ့ကို ရောက်သွားတဲ့ ရဲမှူး ထူးအောင် ဟာ ဟဲဟိုးလေဆိပ်ကဌာနမတူသော နိုင်ငံ့ဝတ်ထမ်းများ ၊ ကုမ္ပဏီ ၀န်ထမ်းများအပေါ် လုံခြုံရေးအကြောင်းပြပြီး အာဏာရှင် တစ်ယောက် လို ဆက်ဆံပြောဆိုနေတယ်လို့ သိရပါတယ် ။

ရဲမှူး ထူးနိုင်ဟာ လုံခြုံရေးကို အကြောင်းပြပြီး အာဏာပြနေပေမယ့်လည်း
သူ့ရဲ့ပြောဆိုမှု များကတော့ ငွေကြေးလာဘ်လာဘကို မျှော်လင့်နေသူ
ကိုယ်ကျိုးရှာနေသူ ဆိုတာကို သက်သေအဖြစ် ဖော်ပြနေပါတယ် ၊ ဥပမာ - လ၀က၀န်ထမ်းများကို မှတ်ပုံတင်စစ်ရာမှာ လူနဲ့ မှတ်ပုံတင် တွဲပြီး စစ်ရမယ်
ဘယ်သူမှ ကင်းလွတ်ခွင့် မပြုနဲ့ ဆရာကျောင်း ဦးအောင်ကိုဝင်း ကိုတော့
ကင်းလွတ်ပြုလိုက် လေဆိပ် VIP ခန်းထဲကို ငါ့အမိန့် မရရင် ဘယ်သူမှ
ဝင်ခွင့်/အသုံးပြုခွင့် မပေးနဲ့တဲ့လို့ ပြောကြားခြင်းကို လေဆိပ်မှ
ဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်အရ သိရှိရပါတယ် ။

နောက် လေဆိပ်လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ရင်းကို ကွင်းအ၀င်ဝ ငွေရတဲ့ဂိတ်ကို မစောင့်စေပဲ အပြင်စည်းလုံခြုံရေးသာ ယူဆောင်ရန်ဆိုပြီးပြောဆိုခဲ့တယ်လို့ ၊ ရဲအရာရှိတစ်ဦးက ထပ်မံ ပြောကြားပါတယ်။

ရဲမှူးထူးနိုင်ဟာ နိုင်ငံ့ဝန်ထမ်းများအပေါ် လုံခြုံရေးအကြောင်းပြ
ဆက်ဆံမှုတင်းမာသော်လည်း RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဦးးယွက်ဆစ် လေဆိပ်ကိုရောက်ရှိလာစဉ်မှာတော့ သူကိုယ်တိုင် လုံခြုံရေး လုပ်ပေးခဲ့တယ်လို့သိရပါတယ် ။

ကဲ ရဲမှူး ထူးနိုင် ရေ ……………
လုံခြုံရေးဆိုတာ ဦးယွက်ဆစ် လုံခြုံရေးလား ပြည်သူ့လုံခြုံရေးလား
ဒါမှမဟုတ် ငွေရဖို့လား ဥပဒေဆိုတာ ဘယ်သူ့အတွက်လည်း ခရိုနီ ကာကွယ်တဲ့ ဥပဒေဆိုတာ ရှိလား ၀န်ထမ်းချင်း ရိုင်းဆိုင်းစွာ ဆက်ဆံတာများဟာ ၀န်ထမ်းကျင်းဝတ်
ဌာနကျင့်ဝတ်တွေကို မသိတာလား ဂရုမစိုက်တာလား

(ဆက်လက်ဖော်ပြပါမည်)

ကလောမြို့မှ ၀န်ထမ်းတစ်ဦး

No comments:

Post a Comment