Wednesday, June 26, 2013

ဒီအပတ် ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ဝေမယ့် တိုင်းမ် မဂ္ဂဇင်းကို စောင့်မျှော်နေခဲ့မိပါတယ်။


တိုင်းမ် မဂ္ဂဇင်းဟာ အပတ်စဉ်ထုတ်ဝေပြီး ရက်စွဲကို တစ်ပတ် ကြိုတင်ရိုက်လေ့ရှိပါတယ်။ ဥပမာ - ဒီအပတ်ရဲ့ ရက်သတ္တပတ်အစနေ့ဟာ ဇွန်လ ၂၄ ရက်နေ့ ဖြစ်ပေမယ့် ဇူလိုင် ၁ ရက်နေ့ရက်စွဲကို တပ်ထားပါတယ်။ ထုတ်ဝေမယ့် Cover ဓာတ်ပုံနဲ့ ပါလာမယ့် သတင်းအစလေးတွေကို အင်တာနတ်ပေါ်တင်ပြီး လူတွေ စိတ်ဝင်စားအောင် လုပ်ထားတတ်ပါတယ်။ ထွက်လာမယ့် မဂ္ဂဇင်းကို လူတွေ ၀ယ်ဖတ်အောင်၊ ရောင်းကောင်းအောင် တမင်လုပ်ထားတာပါ။ အပတ်စဉ် တိုင်းမ် မှာဖတ်တဲ့ ကျနော်လည်း တိုင်းမ်ဝဘ်ဆိုက်က သမ’ အားကောင်းတာကြောင့် ဒီအပတ်စာစောင်ကို စော်မျှော်နေခဲ့မိပါတယ်။


ဒီနေ့ အိမ်က စာတိုက်ပုံးကို ဖွင့်ကြည့်လိုက်တော့ အံသြသွားရတယ်။ တိုင်းမ်ရဲ့ မဂ္ဂဇင်း Cover ဓာတ်ပုံက ဦးဝီရသူရဲ့ ပုံ မဟုတ်ဘူး။ ဟုတ်ပါတယ်။ ဦးဝီရသူရဲ့ ပုံနဲ့ The Face of Buddhist Terror ဆိုတာကြီးက မျက်နှာဖုံးမှာ ပါမလာပါဘူး။ HOW SERVICE CAN SAVE US ဆိုတဲ့ ခေါင်းစီးနဲ့ အမေရိကန်စစ်သား သုံးဦး ဆေးသုတ်နေတဲ့ ပုံကြီးသာ ပါလာတယ်။ မျက်နှာဖုံး အပေါ်ထိပ်မှာတော့ Iran on the Inside/Buddhist Terror/Bossy Cars ဆိုတဲ့ သတင်းခေါင်းစဉ်တိုလေးကိုတော့ တွေ့ရတယ်။ ဒီလိုဆိုတော့ Buddhist Terror စာလုံးတော့ ပါလာတယ်။ ဒါပေမယ့် ….


ဘာကြောင့် တိုင်းမ် မျက်နှာဖုံး မတူရတာလဲ။
သူတို့ ၀က်ဆိုက်ကို ထပ်ဝင်ကြည့်မိပါတယ်။ ဒီနေ့ထိ သေချာတင်ထားပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ထုတ်မှာ ပါလာမယ့် မျက်နှာဖုံးဟာ ဦးဝီရသူ ပုံနဲ့။
(Insert: Different Time Cover for different regions - https://www.facebook.com/photo.php?fbid=10100559057316579&set=p.10100559057316579&type=1&theater)

ပါလာတဲ့ ဆောင်းပါးကလည်း အင်တာနတ်က ဆောင်းပါးတွေနဲ့ သိပ်မကွာပါဘူး။ အနစ်သာရချင်းက အတူတူပါပဲ။ ဝေဖန်ပြီးသားလူတွေလည်း ရှိတော့ ဒီမှာ အသေးစိတ် မဝေဖန်ချင်တော့ပါဘူး။ ဒါပေမယ့် highlights လေး ၃ ချက်ကိုတော့ အကျဉ်းချုပ် တင်ပြလိုက်ပါတယ်။


၁။ ဦးဝီရသူ ဟာ အစ္စလာမ် တစ်ခုတည်းကိုသာ မဟုတ် တစ်ခြား လူနည်းစုဘာသာတရားတွေကိုပါ နှိပ်ကွက်ဖို့ လုပ်နေတယ် ဆိုပြီး ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာကို မသိမသာထိုးပေးထားတာ တွေ့ရတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ဗုဒ္ဓဘာသာဟာ အစ္စလာမ်မှ မဟုတ်ပဲ တခြားဘာသာအားလုံးနဲ့ မသင့်မြတ်ဘူး ဆိုမှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြမ်းဖက်မှု ဆိုတာ ပေါ်လွင်လာမှာမို့ စာရေးသူ Hannah Beech က ဆွဲယူရေးသားထားတာပါ။


၂။ မိတ္ထိလာ ကိစ္စ၊ ရခိုင်ကိစ္စတွေကို ရေးသားတဲ့အခါမှ မွတ်စလင်တွေဘက်က စခဲ့တဲ့ အကြောင်းရင်းကို ထိမ်ချန်ထားခဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေ ရက်စက်ကြောင်းကိုသာ ရေးသားထားပါတယ်။ ရခိုင်အရေးမှာဆို ပိုပြီး တဘက်စောင်းနင်း ရေးသားထားတာကို တွေ့ရပါတယ်။ “The trouble began last year in the far west, where machete-wielding Buddhist hordes attacked Rohingya villages; 70 Muslims were slaughtered in a daylong massacre in one hamlet, according to Human Rights Watch.”
“မြန်မာပြည်ရဲ့ အနောက်အစွန်နားမှာ ဓားမကြီးတွေကိုင်ထားတဲ့ ဗုဒ္ဓဘာသာဝင်လူစုလူဝေးဟာ ရိုဟင်ဂျာ (ဘင်္ဂလီ) ရွာတွေကို တိုက်ခိုက်တာကနေ ပြဿနာတွေ စလာခဲ့ပါတယ်။ Human Rights Watch အဖွဲ့ကို ကိုးကားပြီး ပြောရရင် ရွာငယ်လေး တစ်ရွာမှာဆိုရင် မွတ်စလင် ၇၀ ကို တစ်နေကုန် လိုက်လံသတ်ဖြတ်ခဲ့ကြတယ်။” ဆိုပြီး တဖက်စောင်းနင်း ဘင်္ဂလီတွေဘက်ကနေ လိုက်ရေးထားတယ်။ မောင်တောမြို့မှာ ဘင်္ဂလီတွေ ဇွန်လ ၈ ရက် ၂၀၁၂ ခုနှစ်က မြို့လုံးကျွတ် သတ်ဖြတ်သောင်းကျန်းကြတာကို လုံးဝ ခြေရာဖျောက်ထားတယ်။


၃။ The Face of Buddhist Terror ဆိုတဲ့ ခေါင်းစီး၊ သင်္ကန်းရုံထားတဲ့ ဘုန်းကြီးပုံ၊ Burmese bin Laden ဆိုတဲ့ အသုံးအနှုန်း စတဲ့ မြန်မာပြည်အကြောင်းကို မသိသူတွေ၊ ဗုဒ္ဓဘာသာကို လေးစားသူတွေ၊ ဘုန်းကြီးတွေကို ကြည်ညိုသူတွေ၊ ပွင်းလင်းပြောင်းလဲလာနေတဲ့ မြန်မာပြည်ကို စိတ်ဝင်စားနေသူတွေကို ဖမ်းစားနိုင်ဖို့ တိုင်းမ်မဂ္ဂဇင်းက သတင်းပညာကို သေချာအသုံးချပြီး သူတို့ရဲ့ စာစောင် ရောင်းကောင်းအောင် ဖန်တီးထားတာ သေချာတယ်။


အင်တာနတ်ပေါ်ပြီးတဲ့နောက်မှာ လူအများစုဟာ သတင်းတွေကို ကွန်ပျူတာပေါ်မှာ ဖတ်ရှုလာခြင်း၊ မိုဘိုင်းဖုန်းတွေ၊ Smart phone တွေ ပေါ်လာတဲ့ ခေတ်မှာ ဖုန်းတွေကနေ တဆင့် ဖတ်ရှုလာခြင်းတို့ကြောင့် ပုံနှိပ်မီဒီယာတွေရဲ့ ရောင်းအားဟာ တဟုတ်ထိုးကျဆင်းလာခဲ့တာပါ။ အယင်က စောင်ရေ ၃ သန်း၊ ၄ သန်း ကျော်ရောင်းလာခဲ့တဲ့ တိုင်းမ် မဂ္ဂဇင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ တဟုန်ထိုး ကျဆင်းလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဒုတိယ ၆ လ အတွင်းမှာ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ် ပထမ ၆ လအတွင်းမှာ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ် ဒုတိယ ၆ လအတွင်းမှာ ၁၂ ရာခိုင်နှုန်း စသဖြင့် တဖြည်းဖြည်း ထိုးဆင်းလာနေခဲ့တာ ဖြစ်ပါတယ်။


ဒါပေမယ့် ဒီလို Controversial (အငြင်းပွားစရာ) ဖြစ်တဲ့ ဆောင်းပါးတွေကို ရေးသားခြင်းဖြင့် သူတို့ရဲ့ ရောင်းအားတွေ မြှင့်တက်သွားတတ်ပါတယ်။ အခုဆိုရင် မြန်မာပြည်အစိုးရက တိုင်းမ်ကို ပိတ်ပင်တယ် ဆိုတဲ့ အတွက် ပိုလို့တောင် အရောင်းတက်သွားစရာ ရှိပါတယ်။ ဒါတွေဟာ အနောက်နဲ့ စိမ်းနေတဲ့ မြန်မာအများစုအတွက် နားလည်ရခက်မယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ဒါတွေကို သိရှိနားလည်ထားရင် နောင်ကြုံကြိုက်တဲ့ အချိန်မှာ ဆင်ခြေတုံတရားနဲ့ ချင့်ချိန်တုန့်ပြန်တတ်မှာ ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။ နို့မဟုတ်ရင် သူတို့ ထောင်ထားတဲ့ ထောင်ချက်ထဲကို ၀င်မှန်းမသိဝင်သွားပြီး သူတို့ကို ကူညီပေးသလို ဖြစ်သွားနိုင်ပါကြောင်း လေးစားစွာ ထောက်ပြလိုက်ရပါတယ်။

No comments:

Post a Comment