Sunday, June 23, 2013

ဦးဝီရသူအား မြေထောင် မြှောက်ပေးသော သာသနာပြု ဒါယိကာမကြီး ဒေါ်ဟန်နန်ဘိခ်ျ


ဒါယိကာမကြီး ဒေါ်ဟန်သည် အာရှတွင်သာသနာပြုလုပ်ငန်းများလုပ်ကိုင်နေသည့် မြန်မာ့ရဟန်းတော်များအတွက် ကမ္ဘာအလယ်သို့ သတင်းမီဒီယာဖြင့် ဖောက်သည်ချကာ ကောင်းမှု့ကုသိုလ်ယူလေ့ရှိပါသည်။

သူမသည် လာမယ့် ၂၇ရက်နေ့၊ အင်းစိန် ရန်ကုန်မှာ မျိုးစောင့် ဥပဒေအတွက်ကျင်းပမည့် သံဃာ့ညီလာခံပွဲကို နယူးယောက်ခ်တိုင်း(မ်)သတင်းစာအတွက် ကမ္ဘာမှာမြန်မာဟေ့ ဆိုပြီး မြန်မာနိုင်ငံသူ၊ သားများ ကြွေးကြော်နိုင်ရန် တက်ရောက်သတင်းယူမည်ဟုလည်း သိရပါသည်။


တစ်ချိန်က ကမ္ဘာမှာ ဘုန်းကြီးမြင်ရင် “လားမား”ဒါမှဟုတ် “ထိုင်း”လားဟု မေးမြန်လေ့ရှိသည်။
ကမ္ဘာလူထုကြီးကို မြန်မာနိုင်ငံမှာလည်း ဘုန်းတော်ကြီးများရှိကြောင်းကို သိနိုင်ဖို့၊ ကမ္ဘာသူကမ္ဘာသားများ ကုသိုလ်ဖြစ်စေဖို့ဆိုတဲ့ဆန္ဒဖြင့်

20-6-2013မှာ ဦးဝီရသူအကြောင်းကိုကြောင်းကို နယူးယောက်ခ်တိုင်း သတင်းစာမှာ ဖော်ပြခဲ့ပါသည်။

ထိုသတင်းအပြီးမှာ အမေရိကန်ရောက် မြန်မာဘုန်းတော်ကြီးများကို အမေရိကန်အစိုးရရဲ့ ဒေါက်ထောက်ကြည့်ခံခြင်း တနည်းအားဖြင့် ဂရုတစိုက်သေချာကြည့်ခြင်းများဖြင့် ဖူးမျှော်ခံနေရပါသည်။


(The Face of Buddhist Terror) Time Magazine, Vol. 182, No. 1, 20 June, 2013 ၏ မျက်နှာဖုံးဆောင်းပါး ကို ရေးတဲ့Hannah Beech (ဟန်နန် ဘိခ်ျ)အကြောင်း

သူမသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်သည်။ ဂိုအင်ဂါရိပ်သာမှာ ငါးနှစ်၊ မဟာစည်မှာ တစ်နှစ်ခွဲ၊ ဖားအောက်မှာ လေးနှစ်၊ မိုးကုတ်မှာ ရှစ်နှစ်တိတိ တရားဓမ္မများထိုင်ဖူးပါသည်။

သူမသည် တရားဘာဝနာလုပ်ငန်းနှင့် ဝမ်းရေးအတွက် သတင်းထောက်မီဒီယာအလုပ်ကိုလည်း လုပ်ကိုင်လေ့ရှိသည်။ သူမလုပ်ခဲ့သော မီဒီယာလုပ်ငန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

သူမသည် တိုင်းမ် မဂ္ဂဇင်းရဲ့ အရှေ့အာရှဆိုင်ရာ သတင်းထောက်ဖြစ်ပြီး တိုင်းမ်၏ တရုတ်ဌာန အကြီးအကဲ ဖြစ်သည်။ လက်ရှိ ဘေဂျင်းမြို့တော်တွင် နေထိုင်လျက်ရှိပြီး ယခင်က ဘန်ကောက်၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့အတွက် အခြေစိုက် လုပ်ကိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် Excellence in Reporting News, Honourable Mention, in the Society of Publishers in Asia Awards for Editorial Excellence (SOPA) Awards ဆုအား ဆိုင်ကလုန်းနာဂစ်နှင့် ပတ်သက်ပြီး ရေးသားမှုအတွက် ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Honourable Mention for Best Opinion Writing ဆုအား ရရှိခဲ့သည်။

၁၉၉၅ ခုနှစ်တွင် Colby College မှ U.S. News & World Report and Asian media outlets ဘာသာရပ်များဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၉၄ တွင် မေရီလင်း တက္ကသိုလ်မှ ပေးအပ်သော Harry S. Truman ပညာသင်ဆု ရရှိခဲ့သည်

http://en.wikipedia.org/wiki/Hannah_Beech


အသောက အသောက အသောက

No comments:

Post a Comment