Monday, June 24, 2013

အွန်လိုင်းက ဒေါ်အောင်ဆန်းစုကြည်ပရိတ်သတ်များကြောင့် NLDပါတီပါတီ လူထုထောက်ခံမှု့ကျဆင်းနိုင်ကြောင်းသုံးသပ်


၉၆၉ ရဲ့လှုပ်ရှားမှု့ကို မကြိုက်ရင်တောင်မှ အပြုသဘောနဲ့ပြောဖို့ NLDပါတီဝင် ဦးဝင်းတင်အပါအဝင်အားလုံးကို ခွပ်ဒေါင်းပရိတ်သတ် အမာခံ ဦးသန်းမြင့်က သတိပေးပြောကြားလိုက်ပါသည်။

တိုင်းမဂ္ဂဇင်းက ဦးဝီရသူကို အကြမ်းဖက်လှုပ်မှု့များအတွက် ကြိုးကိုင် သွေးထိုးသူ ခေါင်းစီးနဲ့ ပတ်သတ်ပြီး NLDပါတီဝင် ဦးဝင်းတင်က ဦးဝီရသူနှင့် ၉၆၉ တို့ဟာ အကြမ်းဖက်နေတဲ့ပုံစံမျိုးပြောကြားခဲ့ပါတယ်။
ဦးဝီရသူကိုလည်း ဝီရသူဆိုပြီး ရင့်ရင့်မာမာကြီးပြောလိုက်ပါတယ်။

ဦးဝင်းတင်တို့က ဘုန်းတော်ကြီးတွေကို စွပ်စွဲပုတ်ခတ်ပြောဆိုတာအရေးမကြီးပါဘူး။
တိုင်းပြည်အတွက် နှစ်ပေါင်း ၂၀ကျော်အကျယ်ချုပ်ဘဝဖြင့်နေလာတဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းစေမှာဖြစ်ပါတယ်။

အခုတော့ NLD ပါတီဝင်တစ်ချို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ လူအများက ဘုန်းတော်ကြီးများကို အွန်လိုင်းမှာ ဆဲရေးတာတွေ၊တိုင်းထွာတွေ၊ မကြားဝံမနာပြောကြားတာတွေကို ဒလစပ်လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ အစဉ်အလာရ ဘုန်းတော်ကြီးကိုးကွယ်မှုက နှစ်ပေါင်းထောင်ကျော်နေပါပြီ၊ ဒေါ်အောင်ဆန်းစုကြည် ပါတီထောင်တာက နှစ် ၂၀ကျော်ပဲရှိပါသေးတယ်။ မြန်မာနိုင်ငံက ရွာအများစုမှာ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုမသိပါဘူး။
ဒါပေမယ့် ဘုန်းကြီးဆိုရင် ရွာတိုင်းက သိနေပါတယ်။
အဲဒါကို ထည့်တွက်ထားရပါမယ်။ မြန်မာဘုန်းတော်ကြီးများဟာ ကမ္ဘာမှာမှာ မပေါက်ဘူးဆိုပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ရွာတိုင်းပေါက်ပါတယ်။

သူုတို့ပြောတာ အရေးမကြီးပါဘူး၊ တိုက်ရိုက်ထိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ရိုက်ခတ်လာနေပါတယ်။ တစ်ချို့ဆိုရင် ပါးစပ်က အမေ၊ အမေခေါ်တဲ့ပါးစပ်က ဘုန်းတော်ကြီးတွေကို ဘာသာရေးအစွန်းရောက်တွေပြောလို့ပြော၊ ဆဲလို့ဆဲ မြင်လို့ကိုမကောင်းပါဘူး။ အခုဒေါ်အောင်ဆန်းရဲ့ စကားများကို လူထုက လက်မခံတဲ့အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးနေတဲ့လူတွေက ဘုန်းတော်ကြီးများကို ပြစ်တင်စွပ်စွဲ ကဲ့ရဲ့တဲ့ အသုံးနှုံးတွေကြောင့် ဒေါ်အောင်ဆန်းစုရဲ့ သြဇာ ကျဆင်းနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်ဆိုရင် အခြားလှုပ်ရှားမှု့အားလုံးကိုလည်း သဘောမတူညီတောင် ဝေဘန်သုံးသပ်တာလောက်ပဲလုပ်ပြီး ဆဲတာဆိုတာတွေ မလုပ်သင့်ပါဘူး။
သူတို့က ရဟန်းတွေကို ဆဲလိုက်တိုင်း ဆဲလိုက်တိုင်းသော စကားများသည် ဒေါ်အောင်ဆန်းစုကို တိုက်ရိုက်သွားထိနေတာဖြစ်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ရာမရောက် နစ်ရာရောက်နေပါသည်။

မြန်မာပြည်မှာရှိတဲ့ဘုန်းတော်ကြီးတွေ အကြမ်းဖက်တယ် မဖတ်ဘူးဆိုတာ ဦးဝီရသူကိုယ်တိုင် လာရောက်ပြီး စုံးစမ်းဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်။ အခုလို လူထုက ဒေါ်အောင်ဆန်းစုပါတီ
ဘက်ကို ဦးမတည်ပဲ အမျိုးသားရေးလှုပ်ရှားမှု့ ၉၆၉ ရဟန်းတော်များလုပ်သမျှကို ထောက်ခံ
အားပေးနေတာလည်း တကယ့်ကို အံသြဖို့ကောင်းလောက်ပါတယ်။

ဒီအတိုင်း ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်တိုင်း ရဟန်းတော်များကို ဆဲဆိုနေမယ်ဆိုရင် NLD ပါတီဟာ ပြည်သူ့ရဲ့ ဒဏ်ခတ်ခြင်းခံရနိုင်တယ်လို့ ဦးသန်းမြင့်က ဝေဘန်သုံးသပ်လိုက်ပါတယ်။

No comments:

Post a Comment