Monday, June 24, 2013

အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် ဆက်ကပ်စဉ်


ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူ သုံးမြို့နယ်မှ တစ်ပိုင်တစ်နိုင် ကောက်ခံရရှိထားသော လက်မှတ်ပေါင်း ခြောက်ထောင် ငါးရာကျော်ကို မန္တလေး ဝိသုဒ္ဓါရုံတိုက်သစ်မှ ဦးဓမ္မသာရနှင့် ဦးအာစိဏ္ဏတို့က လာရောက် ဆက်ကပ်ခြင်းဖြစ်သည်။
ကျွန်းလှမြို့၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကိုထက်က ဦးစီး ကောက်ခံခဲ့ခြင်း ဖြစ်သည်။ မှော်ဘီသံဃာ့ညီလာခံ တက်ရောက်ခဲ့သော သံဃာတော်များလည်း တစ်ရွာဝင် တစ်ရွာထွက် ဆက်လက်ကောက်ခံနေကြောင်းနှင့် ၎င်းတို့ ရရှိသည့် သောင်းကျော်လက်မှတ်များကို ၂၇-ရက်နေ့တွင် ကျင်းပမည့် အင်းစိန်ညီလာခံ၌ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(24.6.2013)

No comments:

Post a Comment