တနင်္သာရီတိုင်း ဒေသကြီး၊
ကော့သောင်းခရိုင်တွင် ကျွန်းပေါင်း ၁၇၃ ကျွန်း ရှိသော်လည်း လန်ပိကျွန်း၊
ဝအလယ်ကျွန်း၊ ဗိုလ်ချိုကျွန်း၊ ညောင်ဝီးကျွန်းနှင့် ကျွန်းဖီလာကျွန်း
တို့ကိုသာ စုပေါင်းကာ အမျိုးသား အဏ္ဏ၀ါဥယျာဉ်အဖြစ် သတ်မှတ်ထားကြောင်း
သိရသည်။
ကျွန်းများတစ်ဝိုက်တွင် ခေတ်မီငါးဖမ်း ကိရိယာများဖြင့် တရားမ၀င်
ငါးဖမ်းခြင်းများကြောင့် ကမ္ဘာ့ရေထု၏ ၀ ဒသမ ၁ ရာခိုင်နှုန်းတွင်သာ
ရှင်သန်ပေါက်ဖွားနိုင်သည့် တန်ဖိုးကြီးသော သန္တာကျောက်တန်းများ
ပျက်စီးခြင်းနှင့်အတူ ၂၅ ရာခိုင်နှုန်းခန့်ရှိသော ရေသတ္တ၀ါများ၏ မှီခိုရာ၊
ပေါက်ဖွားရာ ဂေဟစနစ်များ ပျက်စီးဆုံးရှုံးလျက် ရှိသည်ဟု သဘာဝ သယံဇာတ
လေ့လာသူများက ပြောကြားသည်။
ထို့အပြင် ဗုံးခွဲလှေများဖြင့် ငါးဖမ်းခြင်း၊ ငါးဖမ်းဆွဲပိုက်များဖြင့် ငါးဖမ်းခြင်း၊
ရေအောက်ကြမ်းပြင်ရှိ သဲများစုပ်ယူခြင်း၊ သစ်ပင်ခုတ်လှဲခြင်းနှင့် တရားမ၀င်
ရွာသစ်တည်ထောင်ခြင်း စသည်တို့ကြောင့် သဘာဝ သယံဇာတများကို များစွာပျက်စီး
ဆုံးရှုံးစေသည်ဟု ဆိုသည်။
ပင်လယ်ပြင်တွင် ဗုံးခွဲလှေများကို ၁၉၉၉
ခုနှစ်အထိ မတွေ့ရသော်လည်း ယခုနောက်ပိုင်းတွင် အဆက်မပြတ် တွေ့မြင်လာကာ
ရေအောက်တွင် ငါးများအစုလိုက် သေကျေပျက်စီးလျက်ရှိသည်ကို အကြိမ်ကြိမ်
တွေ့ရသဖြင့် သက်ဆိုင်ရာအား တင်ပြဆောင်ရွက်သော်လည်း ထူးခြားမှု မရှိကြောင်း
သိရသည်။
၁၉၉၆ ခုနှစ်မှစ၍ အမျိုးသား အဏ္ဏ၀ါဥယျာဉ်အဖြစ်
သတ်မှတ်ခဲ့သော ကျွန်းများတွင် ဆလုံလူမျိုးများသာ ယာယီနေထိုင်ခဲ့ပြီး
အမြဲနေထိုင်သူဟူ၍ မရှိကြောင်း သိရသည်။
eleven media group
No comments:
Post a Comment