Wednesday, June 26, 2013

“ရေအောက်တွင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်မည့် Sony မိုဘိုင်းလ်ဖုန်းသစ်”


Sony၏ မိုဘိုင်းလ်ဖုန်း အသစ်ဖြင့် ရေအောက်ထဲတွင်ပင် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးနိုင်တော့မည်ဟု သိရှိရသည်။ #Sony ၏ #Xperia #Z #Ultra သည် လုံးဝဥဿုံ ရေစိုခံနိုင်သော စမတ်ဖုန်းဖြစ်ပြီး ရေအနက် (၁.၅)မီတာထိ ဖိအားဒဏ် ခံနိုင်ကာ ရေအောက်တွင်ပင် ဓာတ်ပုံရိုက်နိုင်မည်ဟု ကြွေးကြော်ခဲ့သည်။

ရေအောက်တွင် #HD အရည်အသွေးရှိ ဗီဒီယိုနှင့် ဓာတ်ပုံများကို Xperia Z Ultraဖြင့် ရိုက်ကူးနိုင်မည်ဟု ဂျပန် နည်းပညာ လုပ်ငန်းစုကြီးက ဆိုသည်။ မိုဘိုင်းလ်ဖုန်းများတွင် ရေစိမ့်ဝင်မှုကြောင့် ပျက်စီးတတ်သည့် ပြဿနာကို Xperia Z Ultraတွင် လုံးဝဥဿုံ ကျောခိုင်းခဲ့ပြီဟုလည်း Sonyက ပြောကြားခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21842

#PlanetMyanmar

No comments:

Post a Comment