Friday, June 28, 2013

မြိတ် ကမ်းနားလမ်း လုံးချင်းအိမ်ရာများ အရောင်းအဝယ်ဖြစ် Dawei Watch | သောကြာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၃


တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့၊ ကမ်းနားလမ်း၊ သာကေတရပ်ကွက် မြိတ် ဈေးဝယ်စင်တာ (Myeik Shopping Center) အနောက်ဘက်ရှိ နှစ်ထပ်တိုက် လုံးချင်းအိမ်ရာများ အရောင်းအဝယ်ဖြစ် နေသည်ဟု လုံးချင်းတိုက် အိမ်ရာများကို ကြီးကြပ် ဆောင်ရွက်ပေးနေသူ ဦးဖိုးအောင်မှ သိရသည်။

ဆင်ဝင်၊ ရေ၊ မီး အစုံပါသော နှစ်ထပ် တိုက် လုံးချင်း ၁၉ လုံးရှိသည့်အနက် ၁၇ လုံးမှာ ရောင်းထားပြီး
ဖြစ်သည်ဟု ဦးဖိုး အောင်က ပြောသည်။

တန်ဖိုးအားဖြင့် နှစ်ထပ်တိုက် လုံးချင်း တစ်လုံးကို ငွေသိန်းပေါင်း ကျပ်၁၈ဝဝ နှုန်းဖြင့် ရောင်းချနေပြီး ဝယ်ယူသူအများ စုမှာ မြိတ်မြို့ပေါ်မှဖြစ်ပြီး ကော့သောင်း မြို့နှင့် ထားဝယ်မြို့များမှ ဝယ်ယူထားသူ များလည်း ရှိသည်ဟု ၎င်းက ပြောသည်။

''ဝယ်လိုအားကို ကြည့်ပြီး လိုအပ်ရင် ထပ်တိုးဆောက်သွားမယ်''ဟု ဦးဖိုးအောင် က ဆိုသည်။

ကမ်းနားလမ်းတွင် တည်ရှိပြီး မြင်ကွင်း ကောင်းခြင်းကြောင့် ယင်းသို့ ရောင်းကောင်းခြင်းဖြစ်သည်ဟု
ဒေသခံများက မှတ်ချက်ပြုသည်။

အဆိုပါ နှစ်ထပ်တိုက်လုံးချင်း အိမ်ရာများကို မြိတ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ချို့မှ စုပေါင်းပြီး
ဆောက်လုပ်ထား ခြင်းဖြစ်ပြီး မြိတ်တွင် လုံးချင်းအိမ်ရာများ ဆောက်လုပ် ရောင်းချခြင်းသည် ပထမဦး ဆုံးအကြိမ် ဖြစ်သည်။

No comments:

Post a Comment