Monday, June 24, 2013

လမ်းမတော် အထက (၁) အမှိုက်ကန်ဘေးတွင် မွေးကင်းစ ကလေးအလောင်း တွေ့ရှိ ရန်ကုန် ၊ ဇွန်၂၂

လမ်းမတော်မြို့နယ်၊ (၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အထက(၁) ကျောင်းဝင်း အတွင်းရှိ အမှိုက်ကန်ဘေးတွင် ဇွန်လ ၂၀ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က စွန့်ပစ်ထားသော မွေးကင်းစ ကလေးအလောင်းကို စည်ပင် အမှိုက်သိမ်းဝန်ထမ်း တစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

“အလောင်းကို ဆရာဝန်၏ ဆေးစစ်ချက် ထွက်မှသာ အတည်ပြုနိုင်မှာ၊ ကျွန်တော်တို့ကတော့ အလောင်းကို ဖျောက်ဖျက်ခြင်းနှင့် မွေးဖွားခြင်း ထိမ်ချန်သူကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု အမှုစစ် ဒုရဲအုပ်အေးကျော်သူက ပြောကြားသည်။

အလောင်းကို ဖျောက်ဖျက်ခြင်းနှင့် မွေးဖွားခြင်းကို ထိန်ချန်သူကို အရေးယူရန် (ပ)၁၀၄/၁၃၊ ပြစ်မှုပုဒ်မ-၃၁၈ဖြင့် အမှုဖွင့်ထားကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment