Wednesday, September 11, 2013

" လှိုင်သာယာက ဆိုင်ကယ်သမား တွေက လိုအပ်ရင် ဆိုင်ကယ်တွေနဲ့ ဆန္ဒပြဖို့ အသင့်တဲ့ " 11.9.2013 Shan News

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်တွေကို စီးနှင်ခွင့်မရှိဆိုပြီး ဖမ်းဆီး နေရာမှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက လှိုင်သာယာမြို့နယ် အတွင်း ဆိုင်ကယ်ဖမ်းဆီးမှုတွေမှာ သက်ဆိုင်ရာက ဆိုင်ကယ်များ နှင့် ပိတ်စို့ ဖမ်းဆီးခြင်း ၊ ကားနဲ့တိုက် ဖမ်းတဲ့ အထိ ကြမ်းတမ်းခဲ့ပြီး ဖမ်းစီးရမိ ဆိုင်ကယ်တွေကို ဒဏ်ကြေး ၅၀ ၀၀၀ သောင်းကျပ် တရားဝင်ဘိသကဲ့သို့ တောင်းယူကာ စင်စစ် ပြန်လည်ရရှိသူများမှာ ၇၀ ၀၀၀ သောင်းကျပ်မှ ၁၀၀၀၀၀ သိန်းကျပ် တောင်းခံမှုများ ရှိကြောင်း သိရပါတယ် ။

ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်များမှ စီးနင်း မောင်းနှင်သူများမှ ဖမ်းဆီးရာတွင် လူ နှင့် ဆိုင်ကယ် ရွေးချယ် ဖမ်းဆီးခြင်း ၊ မိမိတို့မြို့နယ်သည် တော မက ၊ မြို့ မကျ ဆိုဘိသကဲ့သို့ လိုင်းကားမရောက်ရာ နေရာ များစွာတွင် ဆိုင်ကယ်များရှိခြင်းကြောင့် လမ်းပန်းသွားလာရေး နှင့် အလုပ်အကိုင် ဆောင်ရွက်မှု များတွင် လွန်စွာ ခရီးရောက်ခြင်း ၊ ဆိုင်ကယ်များ ယခုခေတ်အခြေအနေကဲ့သို့ စီးနင်းခွင့် မရှိစဉ်က သွားလာရေးခက်ခဲမှုကြောင့် လူသူပျက်လပ်သော နေရာများတွင် မဒိန်းမှုများ ၊ လုယက်မှုများ ၊ လူသက်မှုများ၊ ရမ်းကားမှုများဖြင့် ဒေသခံ မြို့နယ်သူ မြိုကနယ်သားများ ခံစားခဲ့ကြရကြောင်း မိမိတို့ မြို့နယ်ကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ၊ ဒလ နှင့် သံလျှင်တို့ ကဲ့သို့ ကန့်သက် စည်းကမ်း များဖြင့် စီးနင်းခွင့်ပြု ရန် ဆန္ဒရှိကြကြောင်းကို ဆိုင်ကယ်စီးနိင်း မောင်းနှင်သူ ၃၀၀ ကျော်စုဝေး၍ သတင်း သမားများအား သတင်းပေး ပြောဆိုခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆို တင်ပြခဲ့ကြပါတယ် ။

ဖမ်းဆီးရာမှာလည်း မိမိတို့ သာမာန်ပြည်သူများကိုသာ ဖမ်းဆီးနေပြီး ဖမ်းဆီးရေးအဖွဲ့ပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စွမ်းအားရှင်ဟောင်းများ ၊ ရဲသတင်းပေးများနှင့် အာဏာပိုင်များနှင့် နီးစပ်သူ များမှာမူ ဆိုင်ကယ်ထည်လည်း စီးနင်း၍ မင်းမူနေကြသည်မှာ တရားမျှတမှု မရှိလို့ ယုံကြည တာကြောင့် လိုအပ်သည့်အခြေအနေတွင် မိမိတို့ အနေဖြင့် ဆန္ဒထုတ်ဖော်ဖို့ အသင့်ရှိကြောင်း ၊ ဥပဒေသည် သာမာန်ပြည်သူလူထု နှင့် အဖွဲ့အစည်းများကြား ကွဲလွဲနေပါက လက်မခံနိင် ကြောင်းများကို ပြောကြားခဲ့ကြပါတယ် ။

စပ်ဆက် သတင်း

ထိုသို့ ရန်ကုန်တိုင်း မြို့နယ် အချို့တွင် ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်များအားစီးနင်းခွင့် မရှိဟု ဆိုသော်လည်း အဓိက ရုံးများ ဖြစ်ပေါ်လာနိင်ချေ ရှိအောင် လှုံဆော်ခံထားရသော မြို့နယ်များတွင်မူ ဆိုင်ကယ်များမှာ ပိုမို များပြားလာပြီး ၊ ရပ်ကွက်သူ ရပ်ကွက်သား မဟုတ်သော သူစိမ်းများကိုပါ မြင်တွေ့လာရသဖြင့် ဘာသာရေး ၊ လူမျိုးရေး လှုံဆော်မှုများဖြင့် စိုးရိမ်ရသော မြို့နယ် ၊ ရပ်ကွက်များမှ ရပ်သူ ရပ်သားများမှာ အခြားမြို့နယ် တိုင်းဒေသများတွင် ဖြစ်ပွားခဲ့သော ဆိုင်ကယ်စီးသမား (၂၀၀) ကျော် ရောက်ရှိလာမည်ကို အထူး သတိပြု စိုးရိမ်နေကြပြီး ဆိုင်ကယ်များ အဓိကရုံးများ ဖြစ်နိင်ချေ ရှိသော မြို့ရွာများတွင် ကန့်သန့်တားမြစ်မှုများ ပြုလုပ်ပေးစေချင်ကြောင်း ပြောဆိုနေကြပါတယ် ။

လေးစားလျှက်

ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်

cokodmoe

No comments:

Post a Comment