Friday, September 13, 2013

၂၀၁၄ ပထမ အပတ် တွင် Sim card များ ကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့ နည်း ကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်


တောင်သူ လယ်သမား များ အတွက် စိုက်ပျိုးရေး နည်းပညာများ ကို မကြာသေးမီ က ဆယ်သွ ယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသော Telenor Myanmar မှ Mobile phone များက တစ် ဆင့်ဖြန့်ဝေပေး သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ စနစ်ကို ၂၀၁၄ ပထမလေးပတ် အတွင်း စတင်တည် ဆောက်မည်ဖြစ်ပြီး ယင်း ကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူလယ် သမားများ ထုတ်လုပ်မှု တိုးတက် စေဖို့နှင့် ကုန်ကျ စရိတ်များ ကို လျော့ ချနိုင် ဖို့ အတွက်ဖြစ်ကြောင်းTelenor Myanmar မှ တာဝန် ရှိ သူတစ်ဦး ကပြောသည်။

““မိုဘိုင်း ဆက်သွယ်ရေး ဟာ အများပြည်သူ အတွက် ကောင်း မွန်တဲ့ ဆက်သွယ်ရေး စနစ်ဖြစ်မယ် လို့ Telenor က ယုံကြည် ပါတယ်။ ဒါကြောင့် ထိုင်းမှာ လယ်သမားတွေ ကို ၀န်ဆောင်မှုပေး တဲ့ ဟာ ကို မြန်မာနိုင်ငံ မှာ ပေးမှာပါ”” ဟု ၎င်းက ဆက်လက်ပြောသည်။

““ ဒီဝန်ဆောင် မှု က လယ် သမားတွေ ကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့ လည်း ဆိုတော့ ဒီ မို ဘိုင်းဖုန်း ကနေ တစ်ဆင့် မိုးလေ ၀သ ကို သိရမယ်။ ဒီ ရာသီမှာ ဘာသီးနှံတွေ စိုက်ရင် အကောင်း ဆုံးဖြစ် မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက် ရဲ့အခြေအနေတွေ ပါ သိရမှာပါ ”” ဟုTelenor Myanmar မှ တာဝန် ရှိသူ တစ်ဦး က ဆိုသည်။

အင်တာနက်လျှောက် ထားပြီးသော Sim card များကို ၁၅၀၀ ထက် သက်သာသောနှု န်း ထားနှင့် ရောင်းချ မည့် အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်း မှ လျော့နိုင်အောင် စီစဉ် လျက် ရှိပြီး လာ မည့် ၂၀၁၄ ၄လ ပိုင်း တွင် Sim card များကို ရောင်းချနိုင် မည်ဖြစ်ကြောင်း သိ ရ သည်။Telenor Myanmar သည် နော်ဝေး အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Hot News < Thanks
Re-posted By ACM 12-9-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment