Wednesday, September 11, 2013

ပျူမြို့ဟောင်းများသည် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် Tour Site များ ဖြစ်နိုင်ဖွယ်ရှိ ================================ သူသူထက်လွင် ၊ ရန်ကုန် ၊စက်တင်ဘာ(၁၀)

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းထားသော ပျူမြို့ဟောင်း နေရာများသည် ကမ္ဘာလှည့်ခရီး သွားများ စိတ်ဝင်စားမှုများပြား လာနိုင်သည့် Tour Site များ ဖြစ် လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ အဆိုပါဒေသ အား နိုင်ငံတကာ ရှေးဟောင်း သုတေသနပညာရှင်များ သာမ က နိုင်ငံခြားသားဧည့်သည်များ ပါ လာရောက်လေ့လာနိုင်သည့် ခရီးသွားနယ်မြေ ဖြစ်လာစေရန် ခရီးသွားများအား ဆွဲဆောင်နိုင် မည့် ပြတိုက်များထားရှိသင့်သည် ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းမှ တွဲဖက်အတွင်း ရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

''ပျူမြို့ဟောင်းတွေကို ကမ္ဘာလှည့်ခရီးသွားတွေ စိတ် ဝင်စားလာကြပြီ။ နောင်တစ် ချိန် အဲဒီနေရာတွေက ခရီးသွား တွေ စိတ်ဝင်တစားသွားရောက် ကြမယ့် Tour Site တွေဖြစ်လာ နိုင်ခြေရှိတယ်''ဟု ယင်းက ထပ်မံ ပြောသည်။

လက်ရှိတွင် အဆိုပါဒေသ များသို့ သွားရောက်လေ့လာလို သည့် နိုင်ငံခြားသားဧည့်သည် အချို့လည်းရှိနေကြောင်း၊ ယင်း ဒေသအား ခရီးသွားနယ်မြေတစ် ခုဖြစ်လာစေရန်အတွက် ပြတိုက် များ၊ မြေပုံလမ်းညွှန်များထားရှိ သင့်ပြီး ရှေးဟောင်းနယ်မြေနှင့် လိုက်ဖက်မှုရှိမည့် နားနေဆောင်၊ ရေအိမ် အစရှိသည်များကို ပြင် ဆင် ဆောင်ရွက်ထားသင့်ကြောင်း သင်္ဂဇာခရီးသွားလုပ်ငန်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
''အခု လတ်တလောမှာ တော့ ပျူမြို့ဟောင်းတွေကို လိုက်ပို့ခိုင်းတဲ့ ခရီးသွားတွေရှိ လာပါတယ်။ သူတို့က နိုင်ငံတ ကာက ရှေးဟောင်းသုတေသန ပညာရှင်တွေ၊ ရှေးဟောင်းသုတေ သနပညာ လေ့လာနေသူတွေပါ။ အချို့ခရီးသွားတွေလဲ စိတ်ဝင် စားမှု ရှိလာပါတယ်။ အဲဒီအတွက် ဒီဒေသမှာ တည်းခိုနိုင်မယ့် ဟို တယ်တွေ၊ တည်းခိုဆောင်တွေ လိုအပ်ပါတယ်။ ဘယ်လိုသွားရ မလဲဆိုတဲ့ ကြော်ငြာ၊ လက်ကမ်း စာစောင်များလဲ ဆောင်ရွက် ပေးထားဖို့ လိုအပ်ပါတယ်''ဟု အ ဆိုပါတာဝန်ရှိသူက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေး ဟောင်းသုတေသန အမျိုးသား ပြတိုက်နှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးသိန်းလွင်က ''ပျူ မြို့ဟောင်းတွေမှာ နိုင်ငံခြားသား ခရီးသွားတွေ သွားလာရ လွယ် ကူအောင် လမ်းညွှန်ဆိုင်းဘုတ်တွေ စိုက်ထူနေပါတယ်။ လက်ကမ်းစာ စောင်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ရေးပြီး ရပ်ကွက် တွေထဲမှာ ဖြန့်ဝေနေပါတယ်။မြေပုံလမ်းညွှန်တွေလဲ လုပ်နေပါ တယ်။ ယူနက်စကိုကသတ်မှတ် ချက်စံနှုန်းညီဖို့ ပြတိုက်တွေလဲ ထားရှိထားပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ယဉ်ကျေး မှုကို အခြေခံသောခရီးသွားလုပ် ငန်းများ ဖြစ်ထွန်းနေပြီး အဆိုပါ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းထားသည့် မြန် မာ့ယဉ်ကျေးမှုများ စတင်ရာ ပျူ မြို့ဟောင်းသုံးမြို့မှာ တောင်တွင်း ကြီး၊ ပြည်နှင့်ရွှေဘိုမြို့တွင် တည် ရှိကြောင်း သိရသည်။

No comments:

Post a Comment