Wednesday, September 11, 2013

လူသား၏ အရေပြားတွင်ခြင်မကိုက်ရန် ကာကွယ်ပေးသော ဓာတုပစ္စည်းများ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ Wednesday, September 11, 2013


လူ့အရေပြားမှ သဘာဝအလျောက်တွေ့ရှိရသည့် အရည်များမှာ ခြင်များ ၏ရန်မှကာကွယ်နိုင်ရန်အတွက် အခြားနည်းလမ်းတစ်မျိုး ဖြစ်နိုင်ခြေရှိ သည်ဟု သိပ္ပံပညာရှင်များမှ ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁၀ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။၎င်းတို့ကအဆိုပါဓာ တုပစ္စည်းမှာ လူများအားအင်းဆက်များမှမမြင်နိုင်စေရန် ဆောင်ရွက်ပေး သည်ဟု ပြောဆိုကြသည်။

ခြင်များအနေဖြင့် ၎င်းတို့သွေးစုပ်ယူမည့် လူတစ်ယောက်၏အနံ့အား မခံနိုင်စေရန် အဆိုပါပုဂ်္ဂိုလ်၏ ခန္ဓာကိုယ်မှထွက်ရှိသည့် ဒြပ်ပေါင်း များမှ ဆောင်ရွက်ပေးသည်ဟု အမေရိကန် ဓာတုဗေဒအဖွဲ့၏ အစည်း အဝေးတွင် အဆိုပါသိပ္ပံပညာရှင်များမှ ပြောကြားလိုက်သည်။

အဆိုပါ ဒြပ်ပေါင်းများရှိနေသည့်လက်အား ခြင်များ ပြည့်နှက်နေသည့်နေရာတွင် ထားရှိသည့်အခါတွင် ခြင်များမှ သတိမထားမိခဲ့ဟု ဖော်ပြထားသည်။

မိမိတို့၏ တွေ့ရှိချက်မှာ လူများအား သေစေနိုင်သည့် ရောဂါ များဖြစ် ပွားခြင်းမှ ကာကွယ်နိုင်လိမ့်မည်ဟု ၎င်းတို့က ပြောကြားလိုက် သည်။ ခြင်များသည် လူများအားသေစေနိုင်သည့်ရောဂါများ သယ်ဆောင်မှု အရှိဆုံးသော သက်ရှိသတ္တ၀ါများ ဖြစ်ကြသည်။ ၂၀၁၀ ခုနှစ်တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့သူပေါင်း ၆၆၀,၀၀၀ ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

ခြင်ခြောက်ဆေးအား မနှစ်သက်သည့်သူများအတွက် တခြားရွေးချယ်စရာနည်းလမ်းတစ်ခုအား ရှာဖွေ သွားမည်ဟု ယခုတွေ့ရှိချက်အား တင်ပြခဲ့သည့် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) မှ Ulrich Bernier က ပြောကြားလိုက်သည်။

ယခုနှစ်အစောပိုင်းက သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့မှ အသုံးများသည့် ခြင်ဆေးမှာ ထိရောက်မှုမရှိတော့ ဟုပြောကြားခဲ့သည်။

“ခြင်ခြောက်ဆေးကို ခြင်ကိုက်ခြင်းကနေကာကွယ်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အခြားနည်းလမ်းတစ်ခုကို ရှာဖွေနေပါတယ်။ အဲဒီနည်းလမ်းက ဓာတုပစ္စည်းတစ်ခုကို အသုံးပြုပြီး အနံ့မခံနိုင်အောင် ဆောင်ရွက်ဖို့ပါ။ အကယ်၍ ခြင်တစ်ကောင်က သူ့အတွက် ညစာရှိတယ်ဆိုတာကို အနံ့မခံနိုင်ဘူးဆိုရင်အနားမှာ တ၀ှီးဝှီးဖြစ်နေမှာ မဟုတ်သလို ကိုက်ဖြတ်သွေးစုပ်ဖို့လည်း မလွယ်ပါဘူး”ဟု ဒေါက်တာ Bernier ကဆိုသည်။

BBC
မဇ္ဈိမ

No comments:

Post a Comment