Wednesday, September 11, 2013

ကျောင်းပြင်ပ ပညာရေးလုပ်ငန်း အလယ်တန်း ပညာရေးအဆင့်အထိ တိုးချဲ့  လုပ်ဆောင်မည် == အောင်သက်ကို ၊ ချိုချိုသန်း Yangon Media Group


ကျောင်း ပြင်ပ ပညာရေးလုပ်ငန်းများကို မူလတန်းအဆင့်မှ အလယ်တန်း ပညာရေးအဆင့်အထိ တိုးချဲ့လုပ် ဆောင်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံပညာ ရေး သုတေသနအဖွဲ့ဦးစီးဌာနမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် တစ်ပိုင်းတစ်စနှင့် ကျောင်းထွက် လိုက်ရသော ကလေးများ၊ ဆင်းရဲ ၍ကျောင်းမတက်နိုင်သော က လေးများ၊ အသက်ငယ်ရွယ်စွာ ဖြင့် လုပ်ငန်းခွင်သို့ရောက်ရှိနေ သော ကလေးများကို ပညာဆက် လက်သင်ကြားနိုင်ရန် ကျောင်း ပြင်ပ ပညာရေးကို အကောင်အ ထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ အဆို ပါဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်ထွေးက ''ကျွန် တော်တို့ ကျောင်းပြင်ပမူလတန်း ပညာရေးကို လုပ်ခဲ့တာတော့ ကြာပါပြီ။ အခု အလယ်တန်းကို ပါ တိုးချဲ့လုပ်ဖို့ အလုပ်ရုံဆွေး နွေးပွဲတွေ လုပ်နေပါပြီ။ ယူနက် စကိုနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ပါ။ အဲဒီအတွက်လဲ ပရောဂျက် တွေရေးဆွဲပြီး စီစဉ်ခဲ့တာ နှစ် နှစ်လောက်ရှိပါပြီ။

သင်ရိုးတွေ ရေးဆွဲဖို့ကို ဆက်လက်ဆောင် ရွက်နေပါတယ်။ ကျွန်တော်တို့ တင်ပြတဲ့ ပရောဂျက်ကိုအစိုးရ ကလဲ လက်ခံတယ်။ ယူနက်စကို ကလဲ အတည်ပြုတယ်ဆိုရင် ဒီ ကျောင်းပြင်ပ အလယ်တန်းပညာ ရေးက အကောင်အထည် ပေါ် လာမှာပါ။ ခုတော့အကောင်အ ထည်ဖော်ဖို့ အစပျိုးစီစဉ်နေပါ ပြီ''ဟုပြောသည်။

No comments:

Post a Comment