Friday, September 13, 2013

ထန်းကိုင်း ရေနံမှော် ကို တစ်ပတ် အတွင်း အပြီး ဖယ်ရှား ခိုင်း


ထန်းကိုင်း ရေနံမှော် အတွင်းရေနံ တွင်းတူး သူများ၊ ရေနံခပ်သူများ၊ ရေနံစိမ်းရောင်းဝယ် ပြုလုပ်ေ န သူ များနှင့် ဈေးဆိုင်ဖွင့် ရောင်းချနေ သူများ အားလုံးကို ရက်ကန့်သတ်လျှက် တစ်ပတ်အတွင်း အပြီး ဖယ်ရှားခိုင်းကြောင်း သတင်း ရရှိသည်။ မှော် အတွင်းပြည်သူ (၂) သိန်းဝန်းကျင် ခန့် ရောက် ရှိ ၍ ရေနံလက်ခပ် တွင်းများဖြင့် လုပ်ကိုင်ရှာဖွေ နေမှုကို ၉-၉-၂၀၁၃ နေ့တွင် သရက်ခရိုင် ရဲမှူးမှ စာတစ်စောင်ပြ၍ လုပ်ငန်း ခေါင်းဆောင်ဟု ယူဆသူများ ကိုခေါ်ယူ သတိပေး လိုက်ခြင်း ဖြစ်သည်။

“စာမှာဘာပါလဲ ဆိုတော့ ဈေးဆိုင်ခန်း ရောင်းချ သူတွေကို(၅)ရက် အတွင် ဖယ်ရှားရမယ်၊ ရေနံ တွင်း တူးသူတွေ၊ ခပ်သူတွေ၊၀ယ်ရောင်းသယ်ပို့နေသူတွေကို(၇)ရက် အတွင်း အပြီး ဖယ်ရှားပေး ရမယ် လို့" ပါတယ်၊ ရဲအင်အားက ပထမ(၅၀) ၊နောက်ထပ် ရောက်တာနဲ့ ဆိုရင် (၁၅၀)လော က် တော့ရှိ မှာ ပေါ့၊ စာကဘယ်သူ ထုတ်တာမှန်း မသိရဘူး၊ လက်မှတ်ထိုး မထားဖူး၊ စည်းတံဆိပ် ရိုက် မထားဖူးဗျ” စာလက်ခံရရှိ သူရွာသစ်ကြီး ကျေးရွာ ဒေသခံ တစ်ဦးမှ ပြောကြား ခဲ့သည်။

ထန်းကိုင်း ရေနံမှော်ကို (၂၀၀၇)ခုနှစ်မှ (၂၉-၄-၂၀၁၃) ထိ မြန်မာ့ရေနံမှ ကုမ္ပဏီများဖြင့် နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တူးဖော်ခဲ့သည်ဟုဒေသခံ တစ်ဦးမှ ဆိုပါသည်။ ရေနံမှော် အတွင်း ဓားမ ဦးချ လုပ်ကိုင်ခဲ့ သောတောင်သူကြီးများ ထံပြန်လည် အပ်နှံခံရသည့် အချိန်မှစ၍ဒေသ ခံများမှာ လယ်ယာစိုက်ပျိုမှု မဖြစ်ထွန်းတော့သော ရေနံမြေအား လက်ယက်တွင်း များပြုလုပ်၍ ရေနံ တူးဖော် ခဲ့ရာမှ ယခုကဲ့သို့နယ် အရပ် အသီးသီးမှ လာရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။

“ကျမတို့ကမြိုင်ဖက် ကပါ၊ဟိုမှာမိုးမကောင်းလို့ ယာတွေသိုက် တာ မဖြစ်ဖူး၊ ဒါကြောင့်စား စ ရိတ် ရရ ဆိုပြိးရေနံပုံးလာရွက်တာ၊တစ်ခေါက် (၅၀၀) ရပါတယ်” ရွှံ့ထဲ ဗွက်ထဲတွင် ရေနံပုံးရွက်နေသူ က ဆိုပါသည်။ အများနည်းသူရေနံလာရောက်တူးသူများမှာလည်း လယ်ယာစိုက်ပိျုးရေး မကောင်း သဖြင့် လယ် ပေါင်၊ ယာရောင်းဖြင့် ရင်းနှီးလုပ် ကိုင်သူများ ကိုပါ တွေ့မြင်ခဲ့ရသည်၊ အချို့မှာ အရ င်း အနှီးမရှိ သဖြင့် လက်ခစား လုပ်ကိုင်သူမှားလည်း တွေ့ရသည်။

“သားကရေနံခပ်တယ်၊ ကျနော်က ဈေးရောင်းပေါ့၊ တစ်နေ့တစ်သောင်း လောက်ဝင်တယ်ဗျ ၊ခု တင် နေတဲ့စားကြွေးလေးကျေအောင် ဆပ်နိုင်တော့မယ်”လို့ အကွေးမြို့ မယ် လှတောင်ရွာ မှနေ့ စဉ် မုန့်ပဲသွားရေစာရောင်းချ သူတစ်ဦး ကပြောပြပါသည်။ ယခုရေနံမှော် နေရာသည် မြန်မာ့ရေနံမှ ပိုင်ဆိုင်ပြီးရေနံတူးခြင်း ရပ်နားထား ချိန်တွင် တောင် သူများ စိုက်ပျိုးစားရန် ပေးထားခြင်းဖြစ်ပြီး၊ တရားမ၀င်ရေနံတူးမှု ကိုတားမြစ်ပေးရန် မြန်မာနိုင်ငံပြည် သူ့ရဲသို့အကူအညီတောင်းခံ ထားခြင်းဖြ စ် သည်။

စာထုတ်ဝေခြင်းမှာ မိမိတို့နှင့်မသက်ဆိုင်ကြောင်းနှင့် ယခင်ဧပြီလ အတွင်းမှ ကတဲက ဖယ်ရှားခိုင်း ခဲ့သည် ကို မဖယ်ရှား သဖြင့် သရက် ခရိုင် ရဲမှူးကြီး အစီ အ စဉ်ဖြင့် ထပ်မံ ဖယ်ရှား ခိုင်းခြင်း သာဖြ စ်ေ ကြာင်း ထန်းကိုင်းရေနံမြေ MOGE မှ တာဝန် ရှိသူက ရှင်းပြခဲ့သည်။ ထပ်မံ စုံစမ်း ကြည့် ရာတွင် စာထုတ်ဝေခြင်း၊ အသံချဲ့ စက်ဖြင့် လိုက်လံ သတိပေး အော်ဟစ်ခြင်းပြုခဲ့သည်မှာ မှန်သော် လည်း၊ဖြန့်ဝေသော စာတွင် မည်သည့် အဖွဲ့အစည်း၊ တာဝန်ရှိ သူ၏ လက်မှတ် များရေး ထိုးထားခြင်း မရှိသော စာများဖြစ်နေ သဖြင့် မှော် အတွင်း အင်တိုက် အားတိုက် လုပ်ကိုင်နေ သူ များ အနေဖြင့် ဖယ်ရှားပေး မည် မဟုတ်ပဲ လက်မှတ်များ ကောက်ခံ ကာ သမ္မတ ထံ လိပ်မူ၍ ဆက် လက် လုပ်ကိုင်ခွင့် တင်ပြတောင်း ခံ သွားမည် ဟု သတင်း ရရှိ သည်။

ဦးမင်း
Popular News

No comments:

Post a Comment